MMA ဖိုက်တာ အမျိုးသမီးကို လုယက်မိလို့ အကြောင်းမလှ ဖြစ်ခဲ့ရတဲ့ ဓားပြ

8a48e1ac389343a16cde3c83487cda2323c07702-600x400.jpg

ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနဲရိုးမြို့ (Rio de Janeiro) က ဓားပြတစ်ယောက်ကတော့ MMA ဖိုက်တာ အမျိုးသမီးရဲ့ဖုန်းကို ခြိမ်းခြောက် လုယက်ခဲ့မိတာကြောင့် ကိုယ်ခံပညာရဲ့အရသာကို မရှုမလှ ခံစားသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က UFC စထရောဝိတ်တန်း ကစားသမားဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ပေါ်လီယာနာ ဗီယာနာ (Polyana Viana) ဟာ တိုက်ခန်းရှေ့မှာ Uber Taxi ကိုစောင့်နေတုန်း လူတစ်ယောက် ရောက်လာပြီး သူ့မှာ သေနတ်ပါလာကြောင်း ခြိမ်းခြောက်ကာ ဗီယာနာဆီက ဖုန်းကို လုယက်ခဲ့တာဖြစ်ပါတယ်။

သေနတ်ပါတယ်ဆိုတာ တကယ်မဟုတ်ဘူးလို့ ဗီယာနာက သိခဲ့ပြီးတဲ့နောက် လုယက်သူရဲ့ သေနတ်ဆိုတဲ့အရာကို ဆွဲမထုတ်ရသေးခင်မှာပဲ လက်သီးနှစ်လုံး၊ ခြေကန်ချက် တစ်ချက်နဲ့ မိတ်ဆက်ပေးလိုက်ကာ ရဲတွေရောက်လာတဲ့အထိ သူ့လည်ပင်းကို ချုပ်ထားပြီး စောင့်ဆိုင်းခဲ့တာပါ။ ရယ်စရာကောင်းတာကတော့ လုယက်သူပြောတဲ့ သေနတ်က ပစ္စတိုပုံတူ ကတ်ထူ သေနတ်တစ်ခု ဖြစ်နေတာပါပဲ။

သွေးအလိမ်းလိမ်း အကွဲအပြဲ ဒဏ်ရာတွေနဲ့ ဖူးရောင်နေတဲ့ လုယက်သူကို Polyana Viana တင်တဲ့ပုံတွေမှာ တွေ့ခဲ့ရပါတယ်။ “ကျွန်မကို သူ လက်သီးနဲ့ မြန်မြန်ပြန်ထိုးနေကတည်းက သူသိပ်လန့်နေပြီဆိုတာကို သိတယ်” လို့ Polyana Viana က ပြောခဲ့ပါသေးတယ်။

ရဲတွေရောက်လာပြိးချိန်မှာ လုယက်သူကို စစ်ဆေး ခေါ်ဆောင်သွားကြကာ ဒဏ်ရာတွေကို ဆေးကုပေးခဲ့ရပြီး ဗီယာနာကတော့ နောက်နေ့အထိ လက်တွေနာကျင်နေတာကလွဲရင် ဘာမှထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref: ChannelNewsAsia “Rio robber’s bloody mistake mugging a female MMA fighter”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top