Running Man မှာ ဖူးစာဆုံပြီး ချစ်သူတွေ ဖြစ်သွားခဲ့တဲ့ လီကွမ်ဆူ (Lee Kwang Soo ) နဲ့ လီဆန်းဘင် (Lee Sun Bin )

ent_001.jpg

Running Man အဖွဲ့ဝင် သစ်ကုလားအုတ်ကတော့ ၂၀၁၈ အကုန်မှာ အစွံထုတ်သွားခဲ့ပါပြီ။ မင်းသမီး လီဆန်းဘင်နဲ့ ၂၀၁၆ စက်တင်ဘာမှာ Running Man တူတူရိုက်ရင်း ဖူးစာဆုံခဲ့ကြပြီး တွဲနေတာ ၅ လလောက်ရှိပြီလို့လည်း သိရပါတယ်။ လီကွမ်ဆူရဲ့ အေဂျင်စီကလည်း ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။ လက်ရှိမှာ နှစ်ယောက်အတူတူ တွေ့ဆုံပွဲတွေ တက်ရောက်ကြသလို ရင်းနှီးသူတွေနဲ့လည်း တရားဝင်မိတ်ဆက်ပေးနေကြတယ် ဆိုပြီး အေဂျင်စီက ကြေညာခဲ့ပါတယ်။

မင်းသမီး လီဆန်းဘင်ကတော့ ၂၀၁၆ ခုနှစ်မှာ special guest အနေနဲ့ ပါဝင်စဉ်ကတည်းက လီကွမ်ဆူကို ချစ်ရိပ်ပြခဲ့ပါတယ်။ “အသေးအဖွဲလေးတွေကအစ ငြင်းခုန်တတ်တဲ့ သူ့ပုံစံက ကျွန်မနဲ့တော့ တော်တော်လေး အဆင်ပြေပါတယ်” လို့ဆန်းဘင်ရဲ့ ဖြေကြားချက်ကို ကွမ်ဆူကလည်း အားကျမခံ “ကျွန်တော် လီဆန်းဘင်နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်္ဂလာသတင်းကိုတော့ နောက်အပတ်ထဲ ကြေညာမယ်”ဆိုပြီး နောက်ပြောင်ကျီစယ်ခဲ့ပါတယ်။

episode ရိုက်ကူးပြီးချိန်မှာ သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါသေးတယ်။ နောက်တော့မှ တစ်ဆင့်တက်ပြီး ချစ်သူတွေ ဖြစ်သွားခဲ့တာပါ။ မီဒီယာတွေဆီ အတည်မပြုသေးခင်မှာ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံထားခဲ့ပါတယ်။ လီဆွမ်ဆူက လီဆန်းဘင်ကို “ကျွန်တော့်ရဲ့ ကောင်မလေး” ဆိုပြီး အားလုံးရှေ့မှာ ပေါ်တင်မိတ်ဆက်ပေးပုံထောက်ရင်တော့ ဒီသတင်းက တကယ်ကြီး သေချာနိုင်ပါတယ်။

Ref: soompi “Breaking: Lee Kwang Soo Confirmed To Be Dating Lee Sun Bin After Meeting On “Running Man”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top