လော့စ်အန်ဂျလိစ်မြို့ကို ခရီး အတူတူထွက်နေတဲ့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ စုံတွဲ

song-song-san-fran-3.jpg

လတ်တလော ထွက်ပေါ်လာတဲ့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂို (အွန်စော) တို့နှစ်ဦးရဲ့ လေယာဉ်ပေါ်က ဓာတ်ပုံတွေ အရတော့ သူတို့နှစ်ဦးဟာ ခရီး တူတူသွားနေကြတယ်လို့ ဆိုနေကြပါတယ်။

ဆောင်ဂျွန်ကီရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment က ထုတ်ပြန်တဲ့ သတင်းအရတော့ ဆောင်ဂျွန်ကီဟာ စက်တင်ဘာ 3ရက်နေ့က လော့စ် အန်ဂျလိစ်မြို့ (Los Angeles) ကို ခရီးထွက်သွားခဲ့ပြီး အလုပ်ကိစ္စ မဟုတ်ပဲ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းဟေဂိုရဲ့ အေဂျင်စီဖြစ်တဲ့ United Artists Agency က ထုတ်ပြန်တဲ့ သတင်းမှာတော့ သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ခရီးသွားနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲဟာ လက်ထပ်ဖို့ အစီအစဉ်အကြောင်း တရားဝင် မကြေညာခင်က ဆိုရင်တော့ လေယာဉ် သီးခြားစီးပြီးတော့ပဲ လျှို့ဝှက်စွာ ခရီးသွားခဲ့ကြတာပဲဖြစ်ပါတယ်။

အခု သူတို့သွားတဲ့ ခရီးက သူတို့ရဲ့ Pre-wedding အစီအစဉ်တွေအတွက် သွားတာများ ဖြစ်မလားလို့ အများစုက ထင်ကြေးပေးနေကြပါတယ်။ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ စုံတွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲ အစီအစဉ် အချို့ကို မကြာသေးခင်ကပဲ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref: Koreaboo: Song Joong Ki and Song Hye Kyo spotted on romantic vacation together

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top