ဖက်နဲ့ ဘက် မမှားစေဖို့

yyl-4-9-003.jpg

ရောထွေးတတ်တဲ့ မြန်မာစကားလုံး အသုံးအနှုန်းတွေထဲက အခုတစ်ခေါက် ပြောသွားမှာကတော့ “ဖက်” နဲ့ “ဘက်” ကို ဘယ်လိုသုံးမလဲဆိုတာပဲ ဖြစ်ပါတယ်။ လူတော်တော်များများ မှားယွင်းသုံးစွဲနေကြတာ မြင်ရလို့ အသုံးပြုပုံကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
-ဖက်ကို စုံဖက်၊ စွက်ဖက်၊ တွဲဖက်၊ ယှဉ်ဖက် ၊လိုက်ဖက် စတဲ့ စကားလုံးတွေမှာ ကြိယာအနေနဲ့ သုံးပါတယ်။
-ကူဖော်လောင်ဖက်၊ ကြင်ဖော်ကြင်ဖက်၊ ကြံဖော်ကြံဖက် ၊လုပ်ဖော်ကိုင်ဖက် စတဲ့ စကားလုံးတွေမှာ “အဖော်အဖက်” ဆိုတဲ့ သဘောနဲ့ ဖက်ကို သုံးပါတယ်။ ခြွင်းချက်တစ်ခုအနေနဲ့ ရဲဘော်ရဲဘက် ဆိုတဲ့ စကားလုံးမှာတော့ “ဘက်” ကိုသာ သုံးတယ်လို့ မှတ်သားရပါတယ်။
-တစ်ဖက်တစ်ချက်၊ နှစ်ဦးနှစ်ဖက်၊ လေးဖက်နာ ၊ လေးလုံးခြောက်ဖက် စတဲ့ စကားလုံးတွေမှာ သင်္ချာဂဏန်းတွေနဲ့ တွဲဖက်ပြီးရေးရင် “ဖက်” ကို သုံးပါတယ်။

-ဘက်ကိုတော့ အရပ်မျက်နှာနဲ့ တွဲပြီး သုံးပါတယ်။ (ဥပမာ- အရှေ့ဘက်၊ မြောက်ဘက်)
-အိမ်ဘက်မှာ၊ ဈေးဘက်မှာ စတဲ့ တည်နေရာတွေနဲ့ တွဲပြီးလည်း “ဘက်” ကို သုံးပါတယ်
-သူ၊ငါ၊ကျား၊မ စတာတွေနဲ့တွဲရင် “ ဘက်”ကို သုံးပါတယ်။ ( ဥပမာ- သူ့ဘက်၊ ငါ့ဘက်၊ အဖေ့ဘက် ၊ ဆရာ့ဘက်)
-စကားလုံးတွေရဲ့ အစနေရာရောက်နေရင်လည်း “ဘက်” ကို အသုံးများပါတယ်။ (ဥပမာ – ဘက်မလိုက်၊ ဘက်ကန်၊ ဘက်ပေါင်းစုံ)

ကိုးကား ။ ။ ပညာရေး ဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် “မြန်မာစာ မြန်မာစကား”

Si thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top