Samsung ကုမ္ပဏီရဲ့ဥက္ကဋ္ဌ လီကွန်ဟီး အသက် ၇၈ နှစ်မှာ ကွယ်လွန်

24-10-2020-yyl-009.jpg

ကမ္ဘာ့နာမည်ကြီးအီလက်ထရောနစ်ကုမ္ပဏီ Samsungရဲ့ ဥက္ကဋ္ဌ လီကွန်ဟီးဟာ အသက် ၇၈ နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူ့သေဆုံးတဲ့သတင်းကို ကုမ္ပဏီက မနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် သေဆုံးရလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမဲ့ လီကွန်ဟီးက နှလုံးရောဂါကို နှစ်ရှည်လများခံစားနေခဲ့ရတာပါ။ လီကွန်ဟီးဟာ သူ့ရာထူးသက်တမ်းအတွင်း ကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်အောင် ပြောင်းလဲတဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။

Samsung ကုမ္ပဏီက သေဆုံးတဲ့သတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့တာက “ကျွန်တော်တို့ လီကွန်ဟီးရဲ့သေဆုံးသွားတာကို အရမ်းစိတ်မကောင်းစွာနဲ့ ကြေညာရပါတယ်။ ဥက္ကဋ္ဌလီက သူ့မိသားစုရဲ့ဘေးမှာပဲ အောက်တိုဘာ ၂၅ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့အမွေအနှစ်ကတော့ အမြဲတမ်းကျန်ရှိနေမှာဖြစ်ပါတယ်” ဆိုတာပါပဲ။ Forbes ရဲ့သတင်းထုတ်ပြန်ချက်အရ ဥက္ကဋ္ဌလီဟာ ကိုရီးယားနိုင်ငံမှာကြွယ်ဝချမ်းသာမှု ဒေါ်လာ ၂၀ ဘီလျံနဲ့ အချမ်းသာဆုံးအမျိုးသားဖြစ်ပါတယ်။ Samsung ကို သူ့ရဲ့ဖခင် လီဗြောင်ချူက တည်ထောင်ခဲ့တာဖြစ်ပြီး အစက ငါးခြောက်၊ ခေါက်ဆွဲ၊ အသီးတွေကို ရောင်းချခဲ့တာပါ။ ၁၉၈၇ခုနှစ်မှာ လီကွန်ဟီးက ဥက္ကဋ္ဌအနေနဲ့ အမွေဆက်ခံခဲ့တဲ့အချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာ အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီကို ဂရုစိုက်ထိန်းချုပ်ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေးချဲ့ထွင်ဖို့ ပိုပြီး အာရုံစိုက်ခဲ့ပါတယ်။

လီကွန်ဟီးက ကုမ္ပဏီအတွက်၂၇ နှစ်တာကြိုးပမ်းအားထုတ်ခဲ့စဉ်အတွင်းမှာ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ကိုယ်ပိုင် Galaxy ဖုန်းတွေကို ရောင်းချတဲ့အပြင် Samsung က Apple နဲ့ Google တို့နဲ့အပြိုင်အဆိုင် Screen နဲ့ Microchip တွေကိုလည်း ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ ဥက္ကဋ္ဌလီက ကုမ္ပဏီရဲ့အောင်မြင်မှုမှာ တူရိယာဖြစ်တယ်။ လီက ဂရုတစိုက်နဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဆရာကြီးဖြစ်တယ်လို့ ဂျာနယ်လစ် Geoffrey Cain က ဆိုခဲ့ပါတယ်။

လီကွန်ဟီးဟာ ၂၀၁၄ခုနှစ်မှာ နှလုံးရောဂါခံစားခဲ့ရကတည်းက အိပ်ရာကမထနိုင်ဖြစ်ခဲ့ရပြီး ကုမ္ပဏီရဲ့ခေါင်းဆောင်နေရာကို သူ့ရဲ့သားဒုက္ကဌ လီဂျေယုံက တာဝန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ကိုရီးယားသမ္မတဟောင်းပတ်ဂွမ်ဟီးနဲ့ ပတ်သက်ဆက်နွယ်ပြီး လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင် (၅) နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာ ထောင်ကနေပြန်လွတ်မြောက်လာခဲ့ပါတယ်။ အခုတော့ စာရင်းဇယားလိမ်လည်မှုနဲ့ စတော့ကစားခြင်းကိစ္စနဲ့ နောက်ထပ်အမှုကို ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

Ref: Ladbible “Samsung Chairman Lee Kun-Hee Dies Aged 78”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top