အသစ်ထွက်ရှိလာပြီ ဖြစ်တဲ့ Samsung Galaxy Note 5

galaxy-note-5-10.jpg

Samsung Galaxy Note 5 ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခင် ဈေးကွက်ထဲ ရောက်ရှိလာတော့မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ သတင်းအရ မြန်မာပြည်မှာလည်း လာမယ့် ဩဂုတ်လ (၂၃) ရက်နေ့ကနေ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ SIM ကဒ် နှစ်ကဒ်ထည့်သုံးလို့ရတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

အသွင်အပြင် ပုံစံ 

ယခင် မြင်နေကျ Samsung Galaxy Note စီးရီးနဲ့မတူတော့တဲ့အဓိက အချက်တစ်ချက်ကတော့ သတ္တုကိုယ်ထည်ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း အနောက်ဘက်ကို ဘေး နှစ်ဖက် အကျမှာ ကွေးကွေးလေး ပြန်ဆင်းထားတာလေးက ဒီဇီုင်းတစ်မျိုး ဖြစ်ပါတယ်။ ရွှေရောင် လူကြိုက်များနိုင်ပြီး အနက်၊ အဖြူ၊ ငွေရောင်တို့လည်း ရှိပါတယ်။ မျက်နှာပြင် အရွယ်ကတော့ မပြောင်းလဲသွားပါဘူး။ (၅.၇ )လက်မပဲ ဖြစ်ပါတယ်။ metal နဲ့ glass များကို အသုံးပြုထားပြီး ပေါ့ပါးတဲ့ စမတ်ဖုန်းပါ။ အထူကတော့ 7.6 mm ပဲ ရှိပါတယ်။

အတွင်း နည်းပညာ အစိတ်အပိုင်းများ  

ပထမဆုံး အဆင့်မြင့်တင် ပြောင်းလဲမှုကတော့ RAM ဖြစ်ပါတယ်။ Samsung ရဲ့ ပထမဦးဆုံး RAM 4GB စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။ Note စီးရီးထဲမှာလည်း ပထမဦးဆုံး Octa Core Processor (64 bit) ပထမဆုံး အသုံးပြုတဲ့ Samsung ရဲ့ စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။ မျက်နှာပြင် အရည်အသွေးကတော့ Note 4 နဲ့ အတူတူပါပဲ။ Quad HD (2560×1440) ကိုပဲ အသုံးပြုထား ပါတယ်။ 518 ppi resolution ရှိပါတယ်။ storage 32GB ပါဝင်ပါတယ်။ Dual SIM ကဒ် ဖြစ်တာကြောင့် ကဒ်နှစ်ကဒ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ကင်မရာ

ရှေ့ကင်ရာ 5 megapixel ပါဝင်ပြီး နောက်ကင်မရာကတော့ 16 Megapixel ရှိပါတယ်။ အဓိကအားဖြင့် ရှေ့ဘက် Selfie အတွက် ကင်မရာမှာ တိုးတက်ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။

ဘက်ထရီ

3000 mAh ဘက်ထရီ ပါဝင်ပြီး ကြိုးမဲ့အားသွင်းနစ်လည်း အသုံးပြုနိုင်ပါတယ်။ အားမြန်မြန်သွင်းနိုင်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။

အသစ်ပါဝင်လာတဲ့ Feature အချို့

Sidesync လို့ခေါ်တဲ့ feature ဟာဆိုရင် ဘယ် PC နဲ့မဆို ကြိုးမဲ့ ဆက်သွယ်ပြီး ဖုန်းနဲ့ PC ကြား အချက်အလက် ကူးယူ ပို့ဆောင်မှုများကို လွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အရင် Samsung ဖုန်းတွေလည်း PC မှာ Samsung ရဲ့ software တစ်ခုထည့်ထားရင် ကြိုးမဲ့ transfer ရပေမယ့် ယခု Side Sync 4.0 က requirement အနည်းဆုံးနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Side Sync က ဘာထူးခြားသလဲဆို Desktop ကနေ ဖုန်းခေါ်ခြင်း SMS ပို့ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ UHQA hifi အသံ စနစ် ပါဝင်ပါတယ်။ နောက်ထပ် ထူးခြားချက်က တိုက်ရိုက် video broadcasting ရရှိခြင်း ဖြစ်ပါတယ်။ S-Pen ရဲ့ Function များလည်း ထုံးစံမပျက် အသစ်များ တိုးလာ ပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

မြန်မာပြည်မှာ လက်ရှိ ပေါက်ဈေးက မြန်မာကျပ်ငွေ ၈ သိန်းဝန်းကျင် ရှိပါတယ်။ လာမယ့် ဩဂုတ်လ (၂၃) ရက်နေ့ဆိုရင် ရန်ကုန်မြို့ လှည်းတန်းစင်တာနဲ့ မန္တလေး ဆီဒိုးနား တို့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး အထူးလျော့ဈေးများ အခြား လက်ဆောင်များလည်း ပေးပါတယ်။ နောက်လဆိုရင် Samsung ဆိုင်ခွဲအတော်များများမှာ ရရှိနိုင်လောက်ပြီ ဖြစ်ပါတယ်။

Ref: cnet,Samsung

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top