Samsung Galaxy On7 တွင် ၂၂၅၀၀၀ ကျပ်ဖြင့် အွန်လိုင်းစတိုး s-estoremyanmar.com ဝယ်ယူရရှိနိုင်

maxresdefault.jpg

Samsung Galaxy On7 ကို စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှ လူငယ်များအနေဖြင့် မကြာခင်ရရှိလာမယ့် 4G ကွန်ယက်မှာ အလွယ်တကူချိတ်ဆက်နိုင်ပြီး ကိုယ်ပိုင်အချိန်မှာရော အလုပ်ကိစ္စတွေအတွက်ပါ ဖုန်းကို တွင်ကျယ်စွာ အသုံးပြုနိုင်ကာ ပိုမိုအဆင်ပြေလာစေဖို့ ရည်ရွယ်ပြီး Samsung Galaxy On7 ကို ထုတ်လုပ်ဖြန့်ချိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Samsung Galaxy On7 ရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

  • Screen မျက်နှာပြင်အကျယ် – ၅.၅ လက်မ (720×1280 HD Quality)
  • Android OS – Version 5.1
  • Sim Card – 1 Card
  • SD Card – memory card 128 GB ထိ ထည့်သွင်းအသုံးပြုနိုင်
  • Internal Storage – 8 GB & 1.5 GB RAM
  • Battery – 3000 mAh
  • Camera – နောက်ကင်မရာ 13 MP၊ ရှေ့ကင်မရာ 5MP (မြင်ကွင်းကျယ် Groupfie ပါရိုက်နိုင်)
  • အရောင် – ရွှေရောင်၊ အနက်ရောင်
  • ဈေးနှုန်း – ၂၂၅၀၀၀ ကျပ်

စတင်မိတ်ဆက်စဉ်ကာလအတွင်း ဝယ်ယူများကို ဦးရာလူစနစ်ဖြင့် 16 GB Samsung Micro SD Card ကို လက်ဆောင်ပေးမယ်လို့ သိရပါတယ်။ အွန်လိုင်းစတိုး s-estoremyanmar.com မှာလည်း ဝယ်ယူနိုင်သလို Samsung အရောင်းဆိုင်များနှင့် အခြားမိုဘိုင်းဖုန်းဆိုင်များတွင်လည်း ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top