Samsung Galaxy S7 edge ဖုန်းများအား မြန်မာပြည်တွင် စတင်ရောင်းချ

447278-galaxy-edge.jpg

Samsung Galaxy series မှ နောက်ဆုံးပေါ် ထုတ်ကုန်သစ် ဖြစ်တဲ့ Galaxy S7 edge ကို မတ်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ရှိ Myanmar Plaza မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ အသုံးပြုရကောင်းမွန်ပြီး ထူးခြားသော ဒီဇိုင်းများဖြင့် ဖန်တီးထားသော ဖုန်းများဖြစ်လို့ Samsung ပရိသတ်များ ကတော့ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြပါပြီ။

စတင်ရောင်းချသည့် အထူးအစီအစဉ်အနေဖြင့် ငွေကျပ် ၁၅၀၀၀၀ ကျပ်တန်ဖိုးရှိ ထပ်ဆောင်း အပိုပစ္စည်းများ အဖြစ် Samsung Battery Pack တစ်ခု နှင့် 64GB Samsung micro SD card တို့အပြင် Samsung Gear S2 Classic အလုံး ၂၀၀ ကံစမ်းမဲများလည်း ပါရှိပါတယ်။ KBZ Bank နှင့်လည်း ချိတ်ဆက်ထားပြီး အတိုးနှုန်းမဲ့ ၆ လအရစ်ကျ စနစ်ဖြင့် ကြိုတင်မှာယူနိုင်ခဲ့တာကြောင့် သုံးစွဲသူများအနေဖြင့် ပိုမိုအဆင်ပြေသွားစေခဲ့ပါတယ်။

ဆမ်ဆောင်း Galaxy S7 edge ၏ ထူးခြားချက်များ

၁။ မျက်နှာပြင် နှင့် ဗားရှင်း

ဆမ်ဆောင်း Galaxy S7 edge ၏ မျက်နှာပြင်ကတော့ ၅.၅ လက်မရှိပြီး Android OS 6.0 ကို အသုံးပြုထားပါတယ်။

၂။ ထူးခြားသော ဘတ္တရီ၊ Memory နှင့် နှစ်ကဒ်သုံး

ဘတ္တရီမှာလည်း 3600 mAh ဖြစ်သောကြောင့် ကြာရှည်ခံအောင်ဖန်တီးပေးထားပါတယ်။ ဆင်းမ်ကဒ် နှစ်ကဒ် တစ်ပြိုင်နက်တည်း သို့မဟုတ် ဆင်းမ်ကဒ် တစ်ကဒ် နှင့် external Memory ကဒ် ကို 200 GB အထိတိုးမြှင့်အသုံးပြုနိုင်ပြီး Memory အနေဖြင့်လည်း RAM 4 GB နှင့် 32 GB ကို အသုံးပြုထားပါတယ်။

၃။ ထူးခြားမူများ

ဆမ်ဆောင်း Galaxy S7 edge ဟာ ပေါ့ပါးပြီး လက်ဗွေစနစ်ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းအရောင် အနေဖြင့် အမဲ၊ အဖြု၊ ရွှေရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်ပြီး မြန်မာစာကို လည်း English (Zawgyi) ဟူ၍အသစ်ဖန်တီးပေးထားသောကြောင့် အခြား အက်ပလီကေးရှင်းများ ထပ်မံအသုံးပြုရန်မလိုအပ်ဘဲ English လိုအသုံးပြုသော်လည်း မြန်မာစာမြင်ရသောကြောင့် အလွန်မှ အသုံးပြုလို့ အဆင်ပြေပါတယ်။

၄။ ဈေးနှုန်းနှင့် အခြားဝန်ဆောင်မူ

၉ သိန်းကျပ်ဖြင့် ရောင်းချမှာ ဖြစ်ပြီး အခြားဝန်ဆောင်မူ အပိုဆောင်း လက်ဆောင်များကိုလည်း ဆမ်ဆောင်းမှ ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
Samsung Galaxy S7 နှင့် Galaxy S7 edge ဖုန်းအသုံးပြုသူများအတွက် Samsung Premium Care ဆိုတဲ့ အထူးအစီအစဉ်သစ်တစ်ရပ်ကို စတင်အကောင်အထည်ဖော်နေပြီလို့ သိရှိရပါတယ်။ Samsung Galaxy S7 နဲ့ Galaxy S7 edge ဝယ်ယူသုံးစွဲသူတွေအနေနဲ့ Service Card ပါဝင်တဲ့ Samsung Premium Care pack ကို လက်ခံရရှိမှာဖြစ်ပါတယ်။

(၁) ၂၀၁၆ စက်တင်ဘာလအထိ အကျုံးဝင်သော ဖုန်းမျက်နှာပြင်ထိခိုက်ပျက်စီးခြင်းအတွက် ပြင်ဆင်မှု တစ်ကြိမ် ဆောင်ရွက်ပေးခြင်း (ဖုန်း၏ရှေ့မျက်နှာပြင် ထိခိုက်ပျက်စီးမှုအတွက် ငွေပမာဏ ၅၀ ရာခိုင်နှုန်း နှင့် ဖုန်းအနောက်မျက်နှာပြင်အတွက် ၁၀၀ ရာခိုင်နှုန်း ငွေစိုက်ထုတ်၍ ပြင်ဆင်မှုတစ်ကြိမ်ဆောင်ရွက်ပေးခြင်း)

(၂) Software ပြဿနာများအား အိမ်တိုင်ရာရောက် လာရောက်၍ တစ်ထိုင်တည်း ပြုပြင်ပေးခြင်း

(၃) Hardware ပြဿနာများအတွက် အိမ်တိုင်ရာရောက် ဖုန်းအားလက်ခံလာယူပေးခြင်းနှင့် ပြန်လည်ပို့ဆောင်ပေးခြင်း (ရန်ကုန်မြို့နဲ့ မန္တလေးမြို့သာ)၊

(၄) လိုအပ်သည်များကို ခေါ်ဆိုမေးမြန်းနိုင်ရန် သီးသန့်စီစဉ်ပေးထားသည့် Call Centre ထားရှိပေးခြင်း

(၅) ဖုန်းပြုပြင်နေချိန်အတွင်းမှာ အစားထိုးဖုန်းတစ်လုံး စီစဉ်ပေးပြီး စောင့်ဆိုင်းရချိန် နည်းပါးအောင် အထူးပြုပြင်ဆင်ပေးခြင်း

(၆)Software ပိုင်းလုပ်ဆောင်ချက်ဆိုင်ရာ အသေးစားကိစ္စရပ်များအတွက် မိမိကိုယ်တိုင် လွယ်လင့်တကူ လုပ်ဆောင်နိုင်ရန် ဖုန်းမှတဆင့် လမ်းညွှန်ပေးနိုင်သည့် Samsung Premium Care အတိုင်ပင်ခံများထံမှ သုံးစွဲသူများ စိတ်ကျေနပ်မှုရသည်အထိ အကြံပေးကူညီမှုများရရှိနိုင်ခြင်း

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top