Samsung Galaxy S7 နှင့် S7 Edge တို့ တရားဝင်မိတ်ဆက်

maxresdefault.jpg

မနေ့ညက ဘာစီလိုနာက MWC မှာ Samsung Galaxy S7 နဲ့ Samsung Galaxy S7 Edge တို့ကို မိတ်ဆက်ပြသသွားပါတယ်။ S7 Edge စီးရီးဟာ ဘေးအနားကွေးညွန့်ထားတဲ့ ပုံစံ ရှိပြီး Samsung ရဲ့ ရောင်းအားကောင်းတဲ့ အမျိုးအစား တစ်ခု ဖြစ်လာပါတယ်။

ဖန်သားပြင်

Samsung Galaxy S7 ဟာ ၅.၁ လက်မ ရှိပြီး Samsung Galaxy S7 Edge ကတော့ ၅.၅ လက်မ ရှိပါတယ်။ ဒီတော့ အရွယ်ပိုကြီးတာကို ကြိုက်ပြီး ဘေးအနားဒီဇီုင်းဆန်းကို ကြိုက်သူ ပိုများရင်တော့ S7 ရဲ့ ရောင်းအားဟာ S7 Edge လောက် ကောင်းပါ့မလား စဉ်းစားစရာပဲ ဖြစ်ပါတယ်။ လူဆိုကတော့ကတော့ သူ့အကြိုက်နဲ့သူမို့ ပြောလို့တော့ မရပါဘူး။ အရွယ်ကလွဲလို့ ကျန်တာ တူပါတယ်။ Super AMOLED သုံးတာခြင်းတူတာကြောင့် ရုပ်ထွက် အရည်သွေးက တူပါတယ်။

Processor and Hardware

Processor ကို ဗားရှင်း နှစ်မျိုးထုတ်ထားပါတယ်။ မြန်မာပြည်ကို ဘယ် ဗားရှင်း ဝင်မှာလည်းတော့ မသိပါ။ Qualcomm Snapdragon 820 ကို သုံးထားတာပြီး တစ်မျိုးက Ocat Core 2.3 GHz quad နောက် တစ်မျိုးက 1.6 GHz quad ရှိပါတယ်။ 64 Bit processor ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ CPU ဟာ ယခင် Samsung Galaxy S6 ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်ပြီး GPU ကတော့ 64 ရာခိုင်နှုန်း ပိုမြန်ကြောင်း ဆိုပါတယ်။ ဂိမ်မာများအတွက် ရည်ရွယ်ပြီးတော့ Feature အသစ်များ ပါဝင်ပြီး Game play ကို record လုပ် ပြန် braodcast လုပ်တာမျိုးတွေ ပါကြောင်း ဆိုပါတယ်။

Storage and SIM

Storage အားဖြင့် 32GB နဲ့ 64 GB ဗားရှင်းထွက်မယ်ဆိုတာ အားလုံး ခန့်မှန်းထားမိကြပြီးသား ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ MicroSD ကဒ် slot ဟာ 200 GB အထိ Extension ရနိုင်ခြင်း ဖြစ်ပါတယ်။ ပိုပြီးတော့ ထူးခြားတာက ယင်း Slot ကို SIM Card slot အဖြစ်လည်း သုံးနိုင်ခြင်း ဖြစ်ပါတယ်။ ဒီတော့ 64 GB ဗားရှင်းဝယ်ပြီး SIM ကဒ် နှစ်ကဒ် သုံးချင်သူများအတွက် ရွေးချယ်လို့ ရပါတယ်။

ကင်မရာ

ကင်မရာဟာ 12 Megapixel ရှိပါတယ်။ နေ့မှာရော၊ ညမှာရော ဓာတ်ပုံ ရိုက်ကူးတဲ့အခါ ရုပ်ထွက် ပိုမို ကြည်လင် ပြတ်သားအောင် ဖန်တီးပေးတဲ့ Sensor များ ပါဝင်ကြောင်း ဆိုပါတယ်။ အရှေ့က 5MP ကင်မရာ ပါဝင်ပါတယ်။

ဘက်ထရီ

ဘက်ထရီဟာလည်း ယခင် ဗားရှင်းထက် 1000 mAh လောက် jump ဖြစ်သွားပါတယ်။ Samsung Galaxy S7 ဟာဆိုရင် 3000 mAh ရှိပြီး screen ပိုကြီးတဲ့ Samsung Galaxy S7 Edge ကတော့ 3600 mAh ရှိပါတယ်။ HD Video ကို ၁၃ နာရီ ကြည့်နိုင်ကြောင်း ဆိုပါတယ်။

အမြဲလင်းတဲ့ ဖန်သားပြင်

အထူးခြားဆုံး Feature ကတော့ အမြဲလင်းတဲ့ screen ဖြစ်ပါတယ်။ ယင်း Feature ကို LG G5 မှာပဲ မြင်တွေ့ရမယ်လို့ ထင်ခဲ့ကြပေမယ့် Samsung Galaxy S7 နဲ့ S7 Edge မှာလည်း ပါဝင်နေပြီ ဖြစ်ပါတယ်။ နာရီ၊ ရက်စွဲ နဲ့ အခြား မိမိမြင်ချင်တဲ့ personal အချက်အလက်အချို့ကို အမြဲတမ်းမြင်အောင် ဖွင့်ထးလို့ ရပါတယ်။ ဥပမာ မိမိနဲ့ မိမိချစ်သူပုံကို တင်ထားတာမျိုးလည်း ရပါတယ်။ ဘက်ထရီစားနှုန်းကလည်း တစ်နာရီမှာ ဘက်ထရီရဲ့ ၁ ရာခိုင်နှုန်းကိုသာ စားတာကြောင့် ဘက်ထရီကုန်သာ မသိသာကြောင်း ဆိုပါတယ်။

ဈေးနှုန်း

Samsung Galaxy S7 နဲ့ S7 Edge တို့ရဲ့ ဈေးနှုန်းကို အတိအကျ မကြေညာသေးပါဘူး။ ဒါပေမယ့် Mobile Network Carrier များကတော့ payment plan များဖြင့် ရောင်းချနေပါတယ်။ payment plan တွေထဲမှာ တစ်လကို ၄၉ ဒေါ်လာသွင်းပြီး နှစ်အလိုက်သွင်းရတာမျိုးလည်း ရှိပါတယ်။ တစ်လုံးလုံးရဲက ဈေးကတော့ အမေရိကန်ဒေါ်လာ ၈၀၀ ကနေ ၁၀၀၀ ကြားမှာ ရှိနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ လာမယ့် မတ်လဆန်းမှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top