အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်တစ်ပွဲကို ဘယ်လိုကြော်ရမလဲ

20160913-_TDP0043.jpg

ဒီတစ်ပတ်ပိတ်ရက်မှာ ခေါက်ဆွဲကြော်ကြိုက်တဲ့ ပရိသတ်တွေအတွက် စင်္ကာပူခေါက်ဆွဲကြော်နည်းလေးပြောပြပေးပါမယ်။ ပြုလုပ်နည်းက အရမ်းလွယ်တဲ့ အတွက်အိမ်မှာလုပ်စားကြည့်ဖို့ တိုက်တွန်းပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ – ကြက်ဥခေါက်ဆွဲခွေ (၃) ခွေ၊ ကြက်သွန်နီ (အလုံးကြီး ) ၁ လုံး၊ ကြက်အူချောင်း/ ဝက်အူချောင်းမုန်လာဥနီဂေါ်ဖီဟင်းမွှေးမဆလာငရုတ်ကောင်းဟင်းခတ်မှုန့်ပဲငံပြာရည်ကြက်သွန်မြိတ်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။

၁။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အချောင်းလေးတွေလှီးပြီး ဂေါ်ဖီကို အနေတော်လှီးထားပါ။

၂။ ရေနွေးဆူအောင်တည်ပြီး ကြက်ဥခေါက်ဆွဲထည့်ပြုတ်ပါ။ (၂) မိနစ်လောက်ကြာရင် ခေါက်ဆွဲကို ဆယ်ပြီးဇကာနဲ့စစ်ထားပါ။

၃။ ဒယ်အိုးထဲမှာ ဆီကိုပူအောင်ထားပြီး ကြက်သွန်နီထည့်မွှေပါ။ ပုစွန်ထည့်ကြော်ပြီး (၃) မိနစ်လောက်ကြာတဲ့အခါ ကြက်အူချောင်း/ ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီတို့ကို ရောကြော်ပါ။ ဟင်းမွှေးမဆလာထည့်ပါ။

၄။ ကြက်ဥခေါက်ဆွဲထည့်ပြီး ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည်ရောပြီး သမအောင်မွှေကြော်ပါ။

၅။ အပေါ်ကနေ ကြက်သွန်မြိတ်ထည့်အုပ်ပြီးရင်တော့ အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်တစ်ပွဲကိုရပါပြီ။

Ref: Singaporean stir-fried noodle

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top