အက် ဒ် ရှီ၇န် (Ed Sheeran) အတွက် အထူးပြုလုပ်ထားတဲ့ ခရမ်းချဉ်သီးဆော့စ် အရသာ ရေခဲမုန့်

ed-sheerans-ketchup-ice-cream.jpg

“Shape of You” သီချင်းနဲ့ နာမည်ကြီး အဆိုတော် အက် ဒ် ရှီ၇န် (Ed Sheeran) က ခရမ်းချဉ်သီး ဆော့စ် ( tomato ketchup) ကို အရူးအမူး မက်မောပါတယ်။ ဒါကြောင့် Ed Sheeran အကြိုက်ကို အလိုက်သိတဲ့ အနေနဲ့ အိုင်ယာလန်မှာရှိတဲ့ ရေခဲမုန့်ဆိုင်ပိုင်ရှင်က ခရမ်းချဉ်သီးဆော့စ် အရသာ ရေခဲမုန့် ပြုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အက် ဒ် ကခရမ်းချဉ်သီးဆော့စ် ကို ကြိုက်ရုံတင်မကသေးဘူး သူ့ခေါင်းထဲမှာ အချိန်ပြည့် ဒီအကြောင်း တွေးနေတယ်ဆိုတာ ပရိသတ်တွေသိစေဖို့ သူ့လက်မောင်းမှာ ခရမ်းချဉ်သီးဆော့စ် တံဆိပ် “Heinz” ဆိုတာကို တက်တူးထိုးထားပါတယ်။ “Ed Sheeran အကြိုက်ဆုံး ခရမ်းချဉ်သီးဆော့စ်” ပါဆိုပြီး ပုလင်း သပ်သပ်သတ်မှတ် ပေးထားရတာတောင်ရှိပါတယ်။

ဂျာလားတီ ရေခဲမုန့် (Gelati ice cream) ကတော့ ခရမ်းချဉ်သီးဆော့စ်ကို ယူပြီး ရေခဲမုန့် အဖြစ် ပြုလုပ်ထားတာပါ။ ဒီလိုမျိုး ထွင်ပြီးထုတ်လိုက်တဲ့ ရေခဲမုန့်ကို တွစ်တာ (twitter) ပေါ်မှာတင်တဲ့အခါ အားလုံး နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။

အိုင်းရစ်လူမျိုးက ဒီ Gelati ရေခဲမုန့်ကို အက် ဒ် တစ်ယောက်တည်းအတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာပါ။ အိုင်ယာလန်ကိုပြန်လာမယ့် အက် ဒ် ရှီ၇နကို သူ့အကြိုက် ခရမ်းချဉ်သီးဆော့စ်အရသာလေးနဲ့ကြိုဆိုချင်လို့ပါ ဆိုပြီး Gelati အင်စတာဂရမ်မှာ ရေးတင်ထားပါတယ်။

ရေခဲမုန့်ကတော့ အပေါ်ကနေ ခရမ်းချဉ်သီးဆော့စ်တွေ ဆမ်းထားတဲ့အတွက် အနီရောင်ဖြစ်နေပါတယ်။ Gelati ပိုင်ရှင် မိုက်ကယ်ကတော့ “ဒီလိုမျိုး အရသာဖန်တီးရတာ မလွယ်ကူပါဘူး ပါဝင်ပစ္စည်း အချိုးအဆကိုက်ဖို့ တော်တော်လေး ကြိုးပမ်းထားရတယ် အဲလိုမှမလုပ်ရင် ရေခဲမုန့်အရည်ပျော်တာမြန်သွားမှာ” ဆိုပြီး ပြောထားပါတယ်။

ရိုးရာလေးပရိသတ်ကြီးထဲမှာလည်း အက် ဒ် ရှီ၇န် လို ခရမ်းချဉ်သီးဆော့ကို အရူးအမူးကြိုက်တဲ့လူပါရင် ဒီရေခဲမုန့်က ရှယ်ပဲနော်။

Ref: Yahoo “Singer Ed Sheeran inspires ketchup flavored ice cream”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top