စမ်းသပ်သုံးကြည့်သင့်တဲ့ Smart Motion တွေ

vivo-SmartMotion.jpg

အဆင့်မြင့် မိုဘိုင်းဖုန်းတွေ၊ စမတ်ဖုန်းတွေတော်တော်များများမှာတော့ Smart Motion လို့ ခေါ်တဲ့ သက်တောင့်သက်သာ အသုံးပြုလို့ရမယ့် feature လေးတွေ ပါလာကြပါပြီ။

ဘယ်လို သက်တောင့်သက်သာရှိသလဲဆိုတာကို ရှင်းပြရရင်တော့ ပုံမှန် ခလုတ် နှစ်ခု သုံးခုရှာနှိပ်မှ အလုပ်ဖြစ်သွားမယ့် function တွေကို ခလုတ်တစ်ခု (ဒါမှမဟုတ်) အပြုအမူလေးတစ်ခုနဲ့ လွယ်လွယ်ကူကူ ပြုလုပ်သွားနိုင်တာပါ။ လူတစ်ချို့ကတော့ ကိုယ့်ဖုန်းမှာ Smart Motion တွေ ပါလို့ ပါမှန်းတောင် မသိကြဘူး၊ တချို့ဆိုလည်း သတိထားမိရဲ့သားနဲ့ အလုပ်ရှုပ်မယ်ထင်လို့ မသုံးကြဘူး။ တကယ်တော့ အလေ့အကျင့်ရသွားရင် ဒါတွေက ဖြတ်လမ်းနည်း (shortcut) တွေမို့ အချိန်ကုန်တာ၊ အလုပ်ရှုပ်တာတွေကို အများကြီး သက်သာစေပါတယ်။ နောက်တစ်ခုက ကိုယ့်ဖုန်းကို ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တော့ ခေတ်စကားနဲ့ဆို “အထာကျတယ် “လို့ ဆိုနိုင်တာပေါ့။

အသုံးဝင်တဲ့ Smart motion တချို့ကို အသစ်ထွက်လာတဲ့ V7+ လေး အသုံးပြုပြီး ဖော်ပြပေးချင်ပါတယ်။ ထုံးစံအတိုင်း setting ထဲကို ဝင်လိုက်ရင် smart motion ကို ရှာလို့တွေ့မှာပါ။ ဒီထဲမှာမှ Smart wake, Air operation, Smart turn on/off screen, Smart call စတာတွေကို တွေ့ရပါလိမ့်မယ်။ ဒါတွေထဲကမှ သုံးလို့ ပိုကောင်းတာအချို့ကို ညွှန်းပေးချင်ပါတယ်။

ခလုတ်မနှိပ်ဘဲ ဖုန်းခေါ်မယ်

မဖြစ်မနေ ဝင်ကြည့်ရမှာကတော့ Smart call ထဲကိုပါ။ Smart call က ဖုန်းခေါ်ရင် contant ကိုဖွင့်ပြီး နား အနားကိုကပ်လိုက်တာနဲ့ အလိုအလျောက် ဖုန်းခေါ်ပေးတာပါ။ ဖုန်းခေါ်ဖို့ နှိပ်နေစရာမလိုပါဘူး။ မိုက်တော့ မိုက်ပါတယ်။ ဒါပေမယ့် သမားရိုးကျအတိုင်း ဖုန်းခေါ်ချင်တယ်ဆိုလည်း ရပါတယ်။

အလုပ်များနေချိန် ဖုန်းဘယ်လိုကိုင်မလဲ

Smart answer ကတော့ အတော်လေးကို အသုံးတည့်တယ်လို့ ထင်ပါတယ်။ smart answer ကို ဖွင့်ထားရင် ဖုန်းဝင်လာတဲ့အခါ button ကို လက်နဲ့ ဆွဲနေစရာ မလိုတော့ပါဘူး။ ကောက်ကိုင်ပြီး နား၊ အနားကို ကပ်လိုက်တာနဲ့ ကိုင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အလုပ်များနေချိန်တို့၊ လက်တစ်ဖက် မအားချိန်တို့ဆိုရင် အဆင်ပြေပါလိမ့်မယ်။ smart answer ကတော့ သုံးသင့်တယ်လို့ ယူဆပါတယ်။ ဒါလေးကိုတော့ recommend ပေးချင်ပါတယ်။

Hands free နဲ့ ပြောရင်း အားမရဖြစ်လာရင်

Smart Switch ကတော့ hands free အနေနဲ့ ပြောနေတုန်း ဖုန်းကို နား အနားကပ်လိုက်တာနဲ့ hands free ပိတ်လိုက်ပြီး ရိုးရိုး ဖုန်းပြောသလို ဖြစ်သွားတာပါ။ သုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်။ ဒါမှမဟုတ် ကိုယ့်ဖာသာကိုယ် လက်နဲ့ hands free ပိတ်ပြီး သုံးလည်းရပါတယ်။

အလုပ်အစည်းအဝေးမှာ/ စာသင်ခန်းမှာ ဖုန်း ringtone ထမြည်ရင် ရှိုးမပဲ့ရအောင်

Smart mute ကတော့ အလုပ်များနေချိန်မှာ အသုံးဝင်တယ်လို့ ဆိုရပါမယ်။ ဖုန်းကို အလုပ်စားပွဲပေါ် တင်ထားတယ် ဆိုပါစို့။ ဖုန်းဝင်လာလို့ ring tone မြည်ချိန်မှာ ကိုယ်က ဖုန်းလည်း မကိုင်နိုင်သေးသလို reject လည်း လုပ်မပစ်ချင်သေးတဲ့အချိန် ဖုန်း screen ပေါ်ကို လက်ဝါးနဲ့အုပ်လိုက်ရင် ring သံ တိတ်သွားပါလိမ့်မယ်။ အလုပ်များတဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေအနေနဲ့ သုံးသင့်တယ်လို့ ယူဆပါတယ်။ ဒီတစ်ခုကိုလည်း recommend ပေးချင်ပါတယ်။

ဖုန်းကို လက်နဲ့ မထိဘဲ ဘယ်လိုကိုင်မလဲ

Wave to hands free ကတော့ စားပွဲပေါ်မှာ ရှိနေတဲ့ ဖုန်းရဲ့ ထိပ်ပိုင်း (3cm-5cm) အကွာလောက်ကနေ လက်ဝါးလေးနဲ့ တစ်ချက် ဖြတ်ဆွဲလိုက်ရင် ဝင်လာတဲ့ ဖုန်းကို hands-free အနေနဲ့ ပြန်ဖြေလို့ရပါပြီ။ ဒီတစ်ခုကလည်း အလုပ်များတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ နောက်တစ်ခုက အိမ်ရှင်မတွေအနေနဲ့ လက်မှာ ရေစိုနေလို့ ဖုန်းမကိုင်ချင်ဘူးဆိုရင် wave to hands free က အသုံးဝင်ပါလိမ့်မယ်။

ဒီ Smart motion တွေက smart phone အတော်များများမှာ ပါဝင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ ပတ်သက်ပြီး မသိသေးသူတွေလည်း ရှာဖွေ သုံးစွဲကြည့်ဖို့ အကြံပေးချင်ပါတယ်။ သုံးဖြစ်နေသူတွေလည်း တခြားသူတွေ သိရအောင် ကိုယ့်ဖုန်းအမျိုးအစားနဲ့ ကိုယ်အကြိုက်ဆုံး smart motion ကို ပြောခဲ့ကြပါဦး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top