Category: ONE Championship

တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုနေသော ဖိုးသော်

ဖိုးသော်ရင်ဆိုင်ရသော စိန်ခေါ်မှုကြီးများသည် ကြိုးဝိုင်းထဲတွင်သာမက ကြိုးဝိုင်းတစ်ဖက် အပြင်ဘက်တွင်လည်း ရှိနေသေးသည်။ မြန်မာ့အားကစားသမားဖိုးသော်သည် ပြည်သူများအတွက် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ဆယ်စုနှစ် ၂ခုရှိနေပြီး ထိုလုပ်ငန်းများကို ဘယ်သောအခါမှ ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

Category: ONE Championship

Rich Franklin ကဲ့သို့ သန်မာသော လက်မောင်းကြွက်သားရရှိရန် လေ့ကျင့်နည်းများ

သံမဏိကဲ့သို့ ကြံ့ခိုင်သန်မာသော လက်မောင်းတစ်စုံကို ပိုင်ဆိုင်နိုင်ရန် အကြံဥာဏ်တောင်းခံလိုလျှင် ONE Championship ဒု ဥက္ကဋ္ဌ Rich Franklin ၏ လမ်းညွှန်မှုလောက် ကောင်းသောအဖြေမရှိချေ။ “အားကစားဝိဇ္ဇာ” Rich သည် ကိုယ်ခံပညာကမ္ဘာ့ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့သောအချိန်ကတည်းကပင် ၎င်း၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများကြောင့် ထင်ရှားခဲ့သည်။

Category: ONE Championship

လှိုင်းလေစီးရင်း ONE Championship ပွဲဦးထွက်ပြိုင်ပွဲအိမ်မက် အကောင်အထည်ပေါ်လာသော Regis

Luis Regis သည် Mentawai ကျွန်းတွင် လှိုင်းစီး အပန်းဖြေရင်း ၎င်း၏ ရှေ့ဆက်မည့် ခြေလှမ်းအတွက် တွေးတောလျက်ရှိသည်။ ထိုအချိန်တွင် ONE Championship သည်ဩစတြေးလျ မွေထိုင်းကစားသမား Regis ကို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲကြီးများထံသို့ ကြီးမားသော မက်လုံးပေး၍ ဆွဲဆောင်ရန် စီစဉ်နေခဲ့သည်ကို ၎င်းမသိသေးချေ။

Category: ONE Championship

ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးတွင် ပရိသတ်များ နှစ်ခြိုက်သဘောကျမည့် တွဲဆိုင်း ၅ ခု

ဒီဇင်ဘာလ ၇ ရက် သောကြာနေ့ညတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်မည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးအတွက် စိတ်ဝင်စားဖွယ်တွဲဆိုင်းများ စီစဉ်ထားသည်။ ထိုပွဲစဉ်အများစုသည် အမှတ်ရဖွယ်ပွဲစဉ်များဖြစ်လာနိုင်သော်လည်း ကြည့်ရှုသူ ပရိတ်သတ်များ နှစ်သက်မည်မှာသေချာသောပြိုင်ပွဲ ၅ ခု ရှိနေပါသည်။

Category: ONE Championship

အဆင့်သတ်မှတ်ချက်နိမ့်နေသော Regis မလေးရှားတွင် နိုင်ပွဲဆင်လို

Regis သည် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးရရှိထားသူဖြစ်သည်။ သို့သော် ဆစ်ဒနေမြို့သား Luis Regi အနေဖြင့် ယခုအပတ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ONE Championship ပွဲဦးထွက်ပြိုင်ပွဲတွင် အောင်မြင်မှုရယူရန်မှာ မဖြစ်နိုင်သည့်အရာမဟုတ်ဟု ယုံကြည်လျက်ရှိသည်။

Category: ONE Championship

ONE Championship နှင့် စာချုပ်ချုပ်ဆိုလိုက်တဲ့ Yoshihiro Akiyama

ဂျပန်ကိုရီးယားကပြားလူမျိုး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား Yoshihiro Akiyama သည် အာရှတွင် ဩဇာကြီးမားသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အဖွဲ့အစည်း ONE Championship သို့ နောက်ဆုံးဝင်ရောက်လာသူ ဖြစ်သည်။ အသက် ၄၃ နှစ်အရွယ် Akiyama သည်

Category: ONE Championship

ONE Championship တွင် တုန်လှုပ်ဖွယ်ရာကောင်းသောစိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည့် အောင်လအန်ဆန်

မြန်မာ့ဂုဏ်ဆောင်အားကစားသမား အောင်လအဆန်အတွက် ယခုနှစ်သည် အောင်မြင်မှုများထပ်မံရရှိသော နှစ်တစ်နှစ်ဖြစ်သည်။ ဖေဖော်ဝါရီလကကျင်းပခဲ့သည့် ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် Alexandre Machado ကို အနိုင်ယူကာ ONE လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူပြီး ဝိတ်တန်း ၂ခု၏ ချန်ပီယံဖြစ်လာခဲ့သည်။

Category: ONE Championship

ပုညစိုင်း၏ ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓာတ်နှင့် အောင်မြင်မှုဘဝလမ်း

အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံဖွား နယူဇီလန်နိုင်ငံသား ပုညစိုင်းအဖို့ ယခုနှစ်သည် အမှတ်ရဖွယ်ရာ အောင်မြင်သောနှစ်တစ်နှစ် ဖြစ်သည်။ မိမိအိမ်မက်များကို အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ်အစပိုင်းက နယူးဇီလန်နိုင်ငံမှ ထွက်ခွာခဲ့သော လူငယ်လေးသည် ယခုအခါ ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီးတွင် ယှဉ်ပြိုင်နိုင်လာနိုင်သော ကစားသမားတစ်ဦးဖြစ်လာပြီဖြစ်သည်။

Category: ONE Championship

Eduard Folayang သည် Amir Khan နှင့်ရင်ဆိုင်ရမည့်ပြိုင်ပွဲမတိုင်ခင် Martin Nguyen ကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်ကို ပြန်လည်သုံးသပ်

Eduard Folayang အတွက် ကြမ္မာငင်ခဲ့သောညဖြစ်သည့် ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့ညတွင် မနီလာမြို့ရှိ Asia Arena ခန်းမကြီးအတွင်း Martin Nguyen ကို ရှုံးနိမ့်ခဲ့ရသည့် ပွဲသိမ်းတိုက်ကွက်သည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့ကာ ONE လိုက်ဝိတ်ခါးပတ်ကို ၎င်း၏ ဖိလစ်ပိုင်ပရိသတ်များရှေ့တွင် Martin Nguyen ကို အပ်နှင်းခဲ့ရသည်။

Category: ONE Championship

Folayang နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရန်ရှိသည့် Amir Khan က ၎င်းအနေဖြင့် ရှုံးနိမ့်မှုများကို မည်သို့ကိုင်တွယ်ရင်ဆိုင်ခဲ့ပုံအား မျှဝေခဲ့

လူသားတိုင်း၏ စိတ်သဏ္ဍာန်မှာ အကြောက်တရားကိန်းဝပ်လေ့ရှိရာ လိုက်ဝိတ်ချန်ပီယံခါးပတ်ကိုစိန်ခေါ်ထားသူ Amir Khan က ထူးချွန်သောကိုယ်ခံပညာကစားသမားကောင်းတစ်ဦးဖြစ်သော ၎င်းတွင်လည်း ကြောက်ရွံ့မှုရှိကြောင်း ဝန်ခံထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မနီလာမြို့၊ Mall of Asia Arena တွင် ကျင်းပသွားမည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်တွင် စင်္ကာပူနိုင်ငံသား အလဲထိုးကွက်အားသာချက်ရှိသော Amir သည် လစ်လပ်နေသော ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ချန်ပီယံဟောင်း Eduard Folayang နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Category: ONE Championship

ONE Championship ကြိုးဝိုင်းတွင်းသို့ပြန်လည်ဝင်ရောက်မည့် Brandon Vera က ပြိုင်ဘက်ကို အနိုင်ယူရန် အသင့်ဖြစ်

Brandon Vera အနေဖြင့် ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဖိလစ်ပိုင်တွင် ဆက်လက်ထားရှိနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေသည်။ အဆိုပါ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ရယူပိုင်ဆိုင်ထားသော Vera သည် လာမည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်တွင် Mauro Cerilli နှင့် ရင်ဆိုင်ကာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည်ဖြစ်သည်။

Category: ONE Championship

Global Martial Arts ဆုပေးပွဲကြီး အောင်လအန်ဆန်သည် တစ်နှစ်တာအကောင်းဆုံးအမျိုးသား အားကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့

မြန်မာနိုင်ငံသားများ၏ အချစ်တော်အောင်လအန်ဆန်သည် စင်္ကာပူနိုင်ငံရှိ JW Marriott Hotel တွင် လွန်ခဲ့သောတစ်ပတ်က ခမ်းနားစွာကျင်းပခဲ့သည့် Global Martial Arts ဆုပေးပွဲကြီးတွင် ဆုတံဆိပ် ၂ ခု ရယူ သိမ်းပိုက်နိုင်ခဲ့သည်။

Category: ONE Championship

ဝိတ်တန်း ၂ ခုချန်ပီယံ အောင်လအန်ဆန်၏ ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းနောက်ကွယ်မှအကြောင်း

တေးဂီတဆိုသည်မှာ လူသားတို့၏ နေ့စဉ်ဘဝတွင် ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေတတ်သော်လည်း တိုက်ခိုက်မှုအားကစားတွင်မူ တစ်မူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ညကစားပွဲတစ်ခုကို အနိုင်ရရှိရန်အတွက် ပြင်းထန်သောလေ့ကျင့်မှု၊ ကမ္ဘာ့အဆင့်မီ စွမ်းဆောင်ရည်၊ ကံကြမ္မာအလေးပေးမှုတို့အပေါ်တွင် မှီတည်နေသည်မှာ မှန်သော်လည်း အားကစားသမားတစ်ယောက်အဖို့ ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းသည်လည်း ၎င်း၏ အကောင်းဆုံးစွမ်းဆောင်နိုင်ရေး စိတ်ဓာတ်ပြင်ဆင်မှုရာအပိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Category: ONE Championship

မြန်မာပြည်သူများ၏အချစ်တော် ဖိုးသော် ပို၍ကြံ့ခိုင်သောပုံစံဖြင့် ပြန်လည်ရောက်ရှိလာမည့် အကြောင်းအရင်း ၃ ခု

ဖိုးသော်သည် မြန်မာနိုင်ငံ၏ အလားအလာအကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ယောက် ဖြစ်သော်လည်း အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီး၌ ကျင်းပသည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် မလေးရှားနိုင်ငံမှ ထူးချွန်ကိုယ်ခံပညာကစားသမား Keanu Subba ကို ရှုံးနိမ့်ခဲ့ခြင်းသည် ၎င်း၏ ဖယ်သာဝိတ်တန်း၏ထိပ်ဆုံးနေရာတွင်ရပ်တည်နိုင်ရေးရည်မှန်းချက်အတွက် အဟန့်အတားတစ်ရပ်ဖြစ်လာခဲ့သည်။