26-5-2020-yyl-012.jpg

သူ့ဘဝမှာ ရင်ဆိုင်ဖို့အခက်ခဲဆုံးပြိုင်ဘက်နဲ့ အကောင်းဆုံး အသင်းဖော်ကို ရိုင်ယန်ဂစ် ထုတ်ပြော

မန်ယူအသင်း ဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ရင်ဆိုင်ဖို့ အခက်အခဲဆုံး ပြိုင်ဘက်နဲ့ အကောင်းဆုံး အသင်းဖော်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်အသင်းခေါင်းဆောင်ဟောင်း ဂျာဗီးယားဇနက်တီကတော့ သူ့ဘဝမှာ ရင်ဆိုင်ဖို့ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်…

25-5-2020-yyl-036.jpg

အောင်လရဲ့ပြိုင်ဘက်ကောင်းဖြစ်လာနိုင်တဲ့ ဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ Tom DeBlass

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် အားကစားလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံ ပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်တဲ့အခါ စိတ်လှုပ်ရှားစရာပြိုင် ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေးအတွက် အကောင်းဆုံးမဟာဗျူဟာတွေ ချမှတ်ထားပါတယ်။…

25-5-2020-yyl-016.jpg

လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှာ ဆီဗီးလ်ဒါဘီပွဲနဲ့အတူ ပြန်လည်စတင်မယ်

ဇွန်လ ၁၁ ရက်ကျရင် ဆီဗီးလ်ဒါဘီပွဲစဉ်နဲ့အတူ လာလီဂါပြိုင်ပွဲကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီးယားတီဘက်စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် လာလီဂါပြိုင်ပွဲကို ပြီးခဲ့တဲ့မတ်လကတည်းက ဆိုင်းငံ့ထားခဲ့တာပါ။ ဇွန်လ ၈ ရက်ကစပြီး လာလီဂါပြိုင်ပွဲကို ကွင်းပိတ်ကစားဖို့…

25-5-2020-yyl-015.jpg

မန်ယူအသင်းဖော်တစ်ယောက်နဲ့ သီးသန့်ခွဲခြားနေရမယ်ဆိုရင် မာတာကိုပဲ ရွေးမယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြော

မန်ယူအသင်းဖော်တစ်ယောက်နဲ့အတူ သီးသန့်ခွဲခြားနေထိုင်ရမယ်ဆိုရင် စပိန်ကွင်းလယ်လူ မာတာကိုပဲ ရွေးချယ်မယ်လို့ မန်ယူကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့က မန်ယူကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ကွင်းတွင်း၊ ကွင်းပြင် အသားကျခဲ့ပါတယ်။ သူဟာ မန်ယူအတွက် ၃ ဂိုးသွင်းပြီး…

22-5-2020-yyl-025.jpg

လာလီဂါပြိုင်ပွဲမှာ ဟာလန်း တောက်ပလာလိမ့်မယ်လို့ ရီဗယ်ဒို ခန့်မှန်း

နော်ဝေကြယ်ပွင့် ကစားသမား ဟာလန်းက အချိန်တန်ရင် လာလီဂါပြိုင်ပွဲမှာ တောက်ပလာလိမ့်မယ်လို့ ဘရာဇီးဂန္ထဝင် ကစားသမားဟောင်း ရီဗယ်ဒိုက ပြောပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး…

21-5-2020-yyl-009.jpg

မက္ကဆီကိုကလပ်ရဲ့ ကစားသမား ၈ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

မက္ကဆီကိုကလပ် ဆန်းတို့စ်လာဂူနာအသင်း ကစားသမား ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေရှိခဲ့ပါတယ်။ မက္ကဆီကိုအမှတ်ပေးဘောလုံးပြိုင်ပွဲ(Liga MX)ကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန် ပြန်စမလဲလို့ ဆုံးဖြတ်နိုင်ဖို့ နီးစပ်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။ ရောဂါပိုးရှိနေတဲ့ ကစားသမားတွေရဲ့အမည်ကို ထုတ်ပြန်ခြင်းမရှိပေမဲ့…

21-5-2020-yyl-008.jpg

ကစားသမားတွေ ဆန္ဒမပါဘဲ လေ့ကျင့်ခန်း မဆင်းခိုင်းဘူးလို့ လီဗာပူးနည်းပြ ပြော

အသင်းသားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးက အဓိကကျလို့ လီဗာပူးကစားသမား တစ်ဦးတစ်ယောက်ကိုမျှ သူတို့ဆန္ဒမပါဘဲ လေ့ကျင့်ခန်းဆင်းခိုင်းတာ၊ ပွဲကစားခိုင်းတာမျိုး မလုပ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြပါတယ်။ ဂျာဂန်ကလော့ကတော့ နှာခေါင်းစည်းတပ်ပြီး ညွှန်ကြားနေတာ…

20-5-2020-yyl-039.jpg

၂၀၁၉ က အရှုံးအတွက် ၂၀၂၀ မှာအကောင်းဆုံး ပြင်ဆင်နေတဲ့ ဖိုးသော်

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နေ ကြတဲ့ အားကစားသမားတွေရှိပါတယ်။ ကချင်တိုင်းရင်းသား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ဆိုင်ထားပြီး ကယန်းတိုင်းရင်းသူ အန်တိုနီယာ၊…

20-5-2020-yyl-025.jpg

ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းက ပရိသတ်တွေဆီကနေ ဂျာစီတွေငှားပြီး အိမ်ကွင်းပွဲကြည့်စင်ကို အလှဆင်

ကိုလုံးအသင်းဟာ မိန့်ဇ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဉ်မတိုင်ခင် အသင်းပရိသတ်တွေဆီကနေ ငှားထားတဲ့ ဂျာစီအင်္ကျီတွေ၊ ခေါင်းစည်းပဝါတွေကို အသုံးပြုပြီး သူတို့အသင်းအိမ်ကွင်း ရိန်းအန်နာဂျီစတေဒီယမ်ရဲ့ ပွဲကြည့်စင်တစ်ခုကို အလှဆင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရချိန်မှာ ပွဲကြည့်စင်ကို ဟာလာဟင်းလင်းမထားချင်တဲ့ ကိုလုံးကလပ်က သူတို့ပရိသတ်တွေ ကွင်းထဲမလာနိုင်ပေမဲ့…

20-5-2020-yyl-024.jpg

မိသားစုကို ကာကွယ်ပေးနိုင်ဖို့ ပေါင် ၁၅,၀၀၀ တန် သက်တော်စောင့်ခွေး ဝယ်ယူခဲ့တဲ့ စပါးဂိုးသမား ဟူဂိုလိုရစ်

စပါးအသင်းဖော် ဒယ်လီအလီရဲ့အိမ် ဓားပြတိုက်မခံရခင် ၂ ပတ်အလိုမှာ စပါးဂိုးသမား ဟူဂိုလိုရစ်က အထူးလေ့ကျင့်ထားတဲ့ သက်တော်စောင့်ခွေးတစ်ကောင်ကို ပေါင် ၁၅၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ဒယ်လီအလီရဲ့ ပေါင် ၂ သန်းတန် စံအိမ်ထဲကို…