Category: Sport

မန်ယူနောက်ခံလူ အက်ရှ်ယန်း ကစားပုံကြမ်းသဖြင့် သုံးပွဲပယ်ခံရမည်

မန်ယူအသင်းနောက်ခံလူ အက်ရှ်ယန်းသည် ကြမ်းတမ်းစွာကစားခဲ့သောကြောင့် အက်ဖ်အေ ၏ စွဲချက်တင်ခံရပြီး မန်ယူအသင်း၏ လာမည့်သုံးပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

Category: Football

ဂိုးသမားကော်တွိုက်စ်နဲ့ ကွင်းလယ်လူဟာဇက်ကို ရောင်းမှာမဟုတ်လို့ နည်းပြကွန်တီပြော

ချဲလ်ဆီးအသင်းအနေနဲ့ အနာဂတ်မှာ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ဆိုရင် အသင်း ဂိုးသမား ကော်တွိုက်စ် နဲ့ ကွင်းလယ်လူ ဟာဇက်ကို ရောင်းချမှာမဟုတ်ဘူးလို့ နည်းပြ ကွန်တီကပြောလိုက်ပါတယ်။

Category: Football

တင်းနစ်အကျော်မော် ဖက်ဒရာကိုကျော်ကာ စီရော်နယ်ဒိုက ဥရောပအကောင်းဆုံး အားကစားသမားဆုရရှိ

ရီးရဲမက်ဒရစ်အသင်းမှ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒို ဟာ ကမ္ဘာကျော်တင်းနစ်သမား ဖက်ဒရာကို ကျော်ဖြတ်ပြီး ဥရောပအကောင်းဆုံး အားကစားသမားဆု (Best European Sportsperson) ကို ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။

Category: Sport

နောက်ခံလူ ဗန်ဒီခ်ကို ပေါင် ၇၅ သန်းနဲ့ခေါ်ဖို့ လီဗာပူး သဘောတူညီမှုရ

လီဗာပူအသင်းဟာ ဆောက်သမ်တန်နောက်ခံလူဗန်ဒီခ်ကို စံချိန်တင် ပြောင်းရွေကြေးပေါင် ၇၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။

Category: Sport

အလန်ရှီးယားရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်လိုက်တဲ့ စပါးတိုက်စစ်မှုး ဟာရီကိန်း

စပါးအသင်း အဓိကတိုက်စစ်မှူး ဟာရီကိန်းဟာ စပါးအသင်းက ဆောက်သမ်တန်ကို ၅ ဂိုး ၂ ဂိုးနဲ့အနိုင်တဲ့ ပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူနိုင်ပြီးနောက် အင်္ဂလန် ဂန္တဝင် ကစားသမားကြီး အလန်ရှီးယား သွင်းယူထားတဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူတဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Category: Football

ပေါင် ၃၀၀ သန်းသုံးစွဲခဲ့ပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ မန်ယူနည်းပြ ပြော

မန်ယူအသင်းနည်းပြ မော်ရင်ဟို က လက်ရှိအချိန် အထိ အသင်းအတွက် ပြောင်းရွေကြေးပေါင် ၃၀၀ သန်းသုံးစွဲခဲ့ပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ ပြောလိုက်ပါတယ်။

Category: Football

ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားဖို့ မိုဗစ် အသင့်ဖြစ်နေဟု ဆို

မန်ယူအသင်းတိုက်စစ်မှုး အေဘရာဟီမိုဗစ်ဟာ ကျောနံပတ် ၁၀ ဂျာစီဝတ်ပြီး ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားဖို့ အဆင့်သင့်ဖြစ်နေတယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။

Category: Football

မန်စီးတီးအသင်းက အာဆင်နယ်တိုက်စစ်မှုး ဆန်ချက်ဇ်ကို တပတ်လုပ်ခ ပေါင် ၄ သိန်းပေးကမ်းလှမ်းမယ်

အာဆင်နယ် တိုက်စစ်မှုး ဆန်ချက်ဇ် ဟာ ဇန်နဝါရီအပြောင်းအရွေကာလအတွင်း အသင်းကနေ ထွက် ဖွယ်ရှိနေတယ်လို့သိရပါတယ်။

Category: Football

ဆွမ်းဆီးအသင်း နည်းပြ ပေါ်စီလ်မန်ကို ရာထူး ထုတ်ပယ်

ပရီးမီယားလိဂ် ကလပ် ဆွမ်းဆီးအသင်း ဟာ နည်းပြ ပေါ်စီလ်မန်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။

Category: Football

မန်စီးတီးအသင်း ဖလား ၄ လုံးရဖို့မျှော်မှန်းနေဆိုတဲ့ သတင်းတွေကို နည်းပြဂွာဒီယိုလာပယ်ချ

မန်စီးတီးအသင်း ဖလား ၄ လုံးရယူနိုင်ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ သတင်းတွေကို နည်းပြဂွာဒီယိုလာ ကပယ်ချလိုက်ပါတယ်။

Category: Football

ချဲလ်ဆီးအဓိက ကွင်းလယ်လူဟာဇက်ကို မန်ယူအသင်း ပေါင် ၉၀ သန်းနဲ့ခေါ်ဖို့ စီစဉ်

မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းရဲ့အဓိက ကွင်းလယ်လူဟာဇက်ကို ပြောင်းရွေကြေးပေါင် ၉၀ သန်းပေးကာခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Category: Football

ဒီဘရိုင်းကို စာချုပ်သက်တမ်းတိုးရေး သဘောတူညီချက်ရဖို့ နီးစပ်နေတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ အသင်းရဲ့အဓိက ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကို နှစ်ရှည်စာချုပ် တိုးနိုင်ရေး သဘောတူညီမှုရဖို့ နီးစပ်နေတယ်လို့သိရပါတယ်။

Category: Sport

တိုက်စစ်မှုး ကျော်ကိုကို အား ထိုင်း ချင်းရွိုင်း ကလပ်မှ တစ်နှစ်စာချုပ်ဖြင့် အငှားခေါ်ရန်သဘောတူညီမူရ

ရန်ကုန်ယူနိုက်တက် အသင်း တိုက်စစ်မှုးကျော်ကိုကို အား ချင်းရွိုင်းယူနိုက်တက် အသင်းမှ ၁ နှစ်အငှါးစာချုပ် ဖြင့်ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိ Yangon United Football Club ၏ ဖေ့ဘုတ်စာမျက်နှာတွင်ဖော်ပြခဲ့သည် တိုက်စစ်မှုး ကျော်ကိုကို ကို ခေါ်ယူရန် ရန်ကုန်ယူနိုက်တက် မှ တာဝန်ရှိသူများ နှင့် ချင်းရွိုင်း အသင်းမှ ကိုယ်စားလှယ် တို့ တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် အကြိုသဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇက "နိုင်ငံခြား ကလပ်တွေက မြန်မာ ကစားသမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ အရမ်းကောင်းတဲ့ အလားအလာတစ်ခုပါ။ အခု အပြောင်းအရွှေ့ဟာ မြန်မာ့ဘောလုံးလောကအတွက်၊ ကစားသမားအတွက်၊ ကလပ်အသင်းအတွက်ရော သုံးဦးသုံးဖလှယ် ကောင်းကျိုးရနိုင်တယ်။ ကျော်ကိုကို အနေနဲ့လည်း ထိုင်းနိုင်ငံမှာ အကောင်းဆုံးကြိုးစားပြီး ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကို မြင့်တင်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းထားတယ်။ ကျော်ကိုကိုအနေနဲ့ အသင်းသစ်နဲ့ အတူ ခြေစွမ်းပြနိုင်ဖို့ ဆုတောင်းပေးပါတယ်" ဟုဆိုခဲ့သည်။

"အသင်းဥက္ကဌက ကစားသမားတွေကို ဒီထက်မြင့်တဲ့နေရာ ရောက်စေချင်တယ်၊ အတွေ့အကြုံတွေလည်း ရစေချင်တဲ့အပြင် ထိုင်းလိဂ်က ဒီမှာထက် ပိုမိုကောင်းမွန်တဲ့လိဂ်ဆိုတာ အငြင်းပွားစရာမလိုပါဘူး။ ဒါကြောင့် ဒီလိုကမ်းလှမ်းတဲ့အချိန်မှာ တစ်ဖက်အသင်း၊ ရန်ကုန်အသင်းနဲ့ ကစားသမား သုံးဦး၊ သုံးဖလှယ်အကျိုးရှိပြီး အသင်း ဥက္ကဌကလည်း ကစားသမားတွေအတွက် အခွင့်အရေး ဖန်တီးပေးချင်ပါတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့အခွင့်အရေးကို အသုံးပြုပြီး ခုလို ညှိုနှိုင်းတဲ့အဆင့်ထိ အဆင်ပြေသွားတဲ့အတွက် ဝမ်းသာပါတယ်" ဟု အသင်းမန်နေဂျာ ဦးမြင့်သိန်း က ပြောကြားခဲ့သည်။

ချင်းရွိုင်း ယူနိုက်တက် အသင်းသည် ယခုနှစ် ထိုင်းပရီးမီယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၄ နေရာတွင် ရပ်တည်ခဲ့ပြီး လာမည့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ဒုတိယ ရှုံးထွက်အဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်အသင်းလည်း ဖြစ်သည်။ယခုလို အကြိုသဘောတူညီမှုရရှိတဲ့အတွက် ဝမ်းသာကြောင်းကို ကျော်ကိုကို က "ခုလို ညှိနှိုင်းမှု ဖြစ်မြောက်သွားတဲ့အတွက် ဝမ်းသာပါတယ်။ ခုလိုဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ အသင်းဥက္ကဌ နဲ့ အသင်းတာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်" ဟု ပြောကြားခဲ့သည်။

Ref: Yangon United Football Club

ကောင်းထက်ငွေ (ရိုးရာလေး)