လည်ပင်းက အရေးအကြောင်းတွေကို ဘယ်လို ကာကွယ်ကြမလဲ

Neck-wrinkles-e1509694676130.jpg

အသက်အရွယ် ရလာတာနဲ့အမျှ လည်ပင်းဟာ အလှအပအတွက် အရေးကြီးတဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ အမျိုးသမီးတွေ တော်တော်များများဟာ လှပပြီး အပြစ်ကင်းစင်တဲ့ မျက်နှာတွေကို ပိုင်ဆိုင်ထားပေမဲ့ လည်ပင်းနားက အရေပြားကတော့ အိုမင်းနေတတ်ပါတယ်။

လည်ပင်းမှာ အရေးအကြောင်းတွေဖြစ်ပြီး အရေပြားတွေ လျော့တွဲကျလာတာ ဖြစ်ပါတယ်။ ဒီလိုအန္တရာယ်တွေကို ရှောင်ကြဉ်ဖို့ သင့်ရဲ့ အရေပြားကို အရေးအကြောင်းတွေကနေ ကာကွယ်နိုင်ရပါမယ်။

အိုမင်းလာမှုကို နှေးကွေးစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လည်ပင်းအရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ လည်ပင်း အသားအရေဟာလည်း မျက်နှာလိုမျိုး ထိခိုက်လွယ်တယ်ဆိုတာ သတိပြုပေးပါ။ ဒါကြောင့် ဂရုစိုက်ဖို့လိုပါတယ်။ အရေပြားတင်းရင်းစေတဲ့ skin care ပစ္စည်းတွေ သုံးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားတင်းရင်းအောင် ဆေးဝါးပိုင်းနဲ့ ခွဲစိတ်မှုတွေလည်း ပြုလုပ်နိုင်ပါတယ်။

လည်ပင်းအရေးအကြောင်းဖြစ်ရတဲ့ အကြောင်းအရင်း

လေထုညစ်ညမ်းခြင်းနဲ့ ဆေးလိပ် မီးခိုးတွေဟာ အရေပြားကို ထိခိုက်စေပါတယ်။ အသက်ငယ်သေးတဲ့အချိန်မှာတော့ အရေပြားဟာ ဒီလို အရာတွေကို သန့်စင်နိုင်ပေမဲ့ အသက်အရွယ် ကြီးလာတာနဲ့အမျှ ဒီလို သန့်စင်နိုင်စွမ်းဟာ လျော့ကျလာပါတယ်။ ဒါကြောင့် အရေပြားကိုလည်း ပိုပြီးပျက်စီးစေပါတယ်။ စီးကရက်သောက်တာဟာလည်း အရေပြားအတွက် အရမ်း အန္တရာယ်ရှိပါတယ်။

နေရောင်ခြည်ဟာလည်း အရေပြားနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေအတွက် အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်မှာ ဗီတာမင်ဒီ ပါဝင်တာမို့လို့ အရိုးကြီးထွားဖို့အတွက် အကူအညီပေးပါတယ်။ ဒါပေမဲ့ အပြင်ထွက်တဲ့အခါ နေရောင်ခံကာကွယ်ဆေးတွေ လိမ်းပေးဖို့ လိုပါတယ်။

လည်ပင်းအရေးအကြောင်းတွေကို ဒီလိုကာကွယ်မယ်

၁။ UVA နဲ့ UVB မှ ကာကွယ်ဖို့ နေရောင်ခြည်နဲ့ ထိတွေ့မှုကို နည်းနိုင်သမျှနည်းအောင်နေပါ။

၂။ စီးကရက်နဲ့ တခြား မီးခိုးငွေ့တွေနဲ့ အရေပြားထိတွေ့မှုကို လျော့နည်းအောင်နေပါ။

၃။ နေ့စဉ် လည်ပင်း လေ့ကျင့်ခန်း လုပ်ပေးပါ။

၄။ အမြဲတမ်း သင့်ခေါင်းကို တည့်တည့်ထားပြီး မေးကိုမော့ထားပါ။

၅။ အရေပြားတင်းရင်းစေဖို့ အနည်းဆုံးရေ ၈ ခွက်လောက် နေ့စဉ်သောက်ပါ။

၆။ ခေါင်းအုံးမြင့်တာဟာ အရေပြား ချောမွေ့မှုအတွက် အကြီးမားဆုံး ရန်သူပါပဲ။ သေးငယ်တဲ့ ခေါင်းအုံးတွေထက် ခေါင်းအုံးခပ်ကြီးကြီးတွေ အုံးပြီးအိပ်ပါ။

၇။ အာလူးကို အချပ်လိုက်လှီးပြီး လည်ပင်းပေါ်မှာထားပါ။ အာလူးဟာ အရေပြားကို အဆိပ်ပြေစေပြီး ချွေးပေါက်တွေကို သန့်စင်စေပါတယ်။

၈။ ညဘက်မအိပ်ခင် လည်ပင်းကို အရေကြောင်းလျော့စေတဲ့ ခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။

အခု ဖော်ပြပေးလိုက်တဲ့ နည်းလမ်းလေးတွေကို အသက်အရွယ် အစောပိုင်းကတည်းက လိုက်လုပ်ကြည့်မယ်ဆိုရင် အိုမင်းမှုကို နှေးကွေးစေမှာပါ။ တကယ်လို့ သင့်လည်ပင်းမှာ အရေးကြောင်းတွေ ရှိနေပြီဆိုရင် အရေးကြောင်း လျော့နည်းစေတဲ့ ခရင်မ်တွေ လိမ်းပေးပါ။ ပြီးရင် လည်ပင်း အရေးကြောင်းတွေ ပြန်မဖြစ်လာဖို့အတွက် ဂရုစိုက်သင့်ပါတယ်။

Ref: “How to prevent neck wrinkles”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top