ကျောင်းသားကျောင်းသူတွေအတွက် နွေရာသီမှာ ရွေးချယ် တက်ရောက်လို့ရမယ့် သင်တန်းကျောင်းတွေ

yyl-015.jpg

တက္ကသိုလ် ဝင်တန်း စာမေးပွဲ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ တစ်နှစ်ပတ်လုံး အပြင်းအထန်ကြိုးစားခဲ့ကြရတော့ ကျောင်းသား/သူတွေလည်း အတော်ပင်ပန်းသွားကြမှာပါ။ ဒါကြောင့် စိတ်အပန်းပြေဖို့ ခရီးတွေထွက်၊ မုန့်တွေလိုက်စားရင်း ကောင်းကောင်းကြီး အနားယူသင့်ပါတယ်။ ပြီးရင်တော့ ဆက်ရဦးမယ့် ဘဝအတွက် အထောက်အပံ့ကောင်း ပေးနိုင်မယ့် ပညာရပ်တွေကို ကိုယ်နှစ်သက်ရာ ရွေးချယ် ဆည်းပူးဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့် စာမေးပွဲပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေအတွက် နွေရာသီမှာ တက်ရောက်လို့ရမယ့် ဘာသာစကားသင်တန်းကျောင်းတွေနဲ့ ရေကူးသင်တန်းတွေရဲ့ အချက်လက်တွေနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို စုစည်း တင်ပြပေးလိုက်ပါတယ်။

ရန်ကုန်မှာ တက်ရောက်လို့ရမယ့် အင်္ဂလိပ်စာ သင်တန်းကျောင်း ငါးကျောင်းပါ။ ကိုယ်နဲ့ နီးစပ်တဲ့ လိပ်စာမှာ သွားရောက် တက်ရောက်နိုင်သလို ဖွင့်မယ့် တန်းခွဲတွေ အတွက်လဲ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

(1) British Councilနံပတ် (၇၈) ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။01 370 933

(2) American Centerနံပတ် (၁၄) တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။01 223 140

(3) New Life Training Centerတိုက်အမှတ် (10/12)၊ အခန်းနံပတ် ၅၀၂၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။09975531471

(4) Wall Street EnglishCity Mall၊ သုံးလွှာ၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။01 503 370 09 969 799 999

(5) Nexus English Lnguage Centerနံပတ်(၈)၊ မြေညီထပ်၊ ပန်းခြံတာဝါ၊ ဓမ္မစေတီလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ် ရန်ကုန်။01 539 581

နောက်ထပ်မိတ်ဆက်ပေးမယ့် သင်တန်းကျောင်းတွေ ကတော့ တရုတ်စာ သင်တန်းကျောင်းတွေပဲ ဖြစ်ပါတယ်။

(1) Little Empire Chinese Language Centerတိုက်နံပါတ် (၈) ပထမထပ် မင်းလမ်း၊ စမ်းချောင်းမြို့နယ် ရန်ကုန်09783932440

(2) Fuxing Comfucius Classroom စဉ့်အိုးတန်းလမ်း အပေါ်ဘလောက် လသာမြို့နယ် ရန်ကုန်။01 379 161

(3) GESCအမှတ်၂၉, အင်းစိန်လမ်း ကမာရွတ် လှည်းတန်း၊ရန်ကုန်။095063369

(4) Star Light Language Centerအမှတ်(၁၁၈)၊ဦးချစ်မောင်လမ်း၊မင်းလမ်းနှင့်ဈေးကွေ့မှတ်တိုင်ကြား၊အရှေ့ဈေးဟောင်းလမ်းထိပ်၊ဗဟန်းမြို့နယ်။
09253536393/ 09450036788  Star Light Language Center ကတော့ တရုတ်စာတစ်ခုထဲမဟုတ်ဘဲ တရုတ်၊ အင်္ဂလိပ်၊ ထိုင်၊း ဂျပန်၊ ကိုရီးယား ဘာသာစကားတွေပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ အားလပ်ရက်မှာ ရေကူးဖို့နဲ့ ရေကူးသင်တန်းတက်နိုင်ဖို့ စုစည်းထားတဲ့ နေရာတွေဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင်

ကန်တော်ကြီးရေကူးကန် – 01-554-266

ကုက္ကိုင်းရေကူးကန် – 01-542-749, 01-401-467

ဗဟိုစည်ရေကူးကန် – 09 450 022 194, 09 511 4629

ရန်ကုန်တက္ကသိုလ်ကန်- 09 3106 2549, 09 7310 5276

သထုံလမ်းတက္ကသိုလ်ကန် – 01 500 544, 01 513 109, 09 517 9721

အမျိုးသားရေကူးကန် – 01 378 550

မန္တလေးမှာက

မြမန္တလာ (ရေကူးသင်တန်း)၂၇လမ်း x ၆၉လမ်းထောင့်၊ ပြည်ကြီးမျက်မှန်ရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

၀၂ ၃၀၀၁၀ ၊ ၀၂ ၃၀၀၀၉ ၊ ၀၂ ၆၆၅၇၉

အားလုံးပဲ အခု ပေးထားတဲ့ အချက်အလက်လေးတွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်တွေကျရင်လည်း ကွန်ပြူတာသင်တန်း၊ Master ဘွဲ့ယူလို့ရတဲ့ သင်တန်းတွေကိုလဲ ပြောပြပေးသွားဦးမှာမို့ Yoyarlay Page ကို See first လုပ်ထားပေးပါဦးလို့…

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top