စည်းကမ်းချက်များ(၁) ပေးထားတဲ့လင့်ခ်ထဲကို ဝင်ပြီး ဖောင်ဖြည့်ပေးရပါမည်။(၂) ဖောင်ဖြည့်တဲ့အခါမှာ ဖြေဆိုသူဟာ နိုင်ငံသားစိစစ်ရေးကဒ်ပြားထဲက နာမည်အရင်း၊ လက်ရှိကိုင်ဆောင်နေတဲ့ဖုန်းနံပါတ်အမှန်ဖြစ်ရပါမည်။(၃) ဖောင်ဖြည့်တဲ့အခါ တစ်ဦးလျှင် တစ်ကြိမ်သာ ဖြေဆိုခန့်မှန်းခွင့်ရှိပြီး….. တစ်ကြိမ်ထက်ပိုပြီးဖြေဆိုခန့်မှန်းထားမယ်ဆိုရင် အဲဒီဖြေဆိုခန့်မှန်းသူကို စာရင်းထဲကနေ အလိုအလျောက်ပယ်ဖျက်သွားပါမည်။(၄) (၁၃) နှစ်ကျော်တဲ့သူများသာ ဖြေဆိုခန့်မှန်းခွင့်ရှိပါသည်။(၅) နိုင်ငံရပ်ခြားက ဘောလုံးချစ်ပရိသတ်တွေလည်း ဖြေဆိုခန့်မှန်းနိုင်ပါသည်။ (နိုင်ငံရပ်ခြားကနေ ဖြေဆို ခန့်မှန်းတဲ့အခါ သက်သေခံကဒ်ပြားထဲက နာမည်အရင်းနဲ့ ဖောင်ဖြည့်ပေးရပါမယ်။ အဖြေမှန်ခဲ့မယ် ဆိုရင် ဖြေဆိုသူရဲ့ပြည်တွင်းက မိတ်ဆွေသူငယ်ချင်းရဲ့အကောင့်ထဲကို ဆုလက်ဆောင်ထည့်ပေးသွားမှာပါ။)(၆) ဖောင်ဖြည့်ပြီးရင်တော့ Submit ဆိုတဲ့ Button ကို နှိပ်ပြီးပေါ်လာသော ရက်စွဲနဲ့ပုံကို Screenshot လုပ်ပြီးသိမ်းထားရပါမည်။(၇) ဒီပို့စ်ကို Like and Share လုပ်ပြီး Screenshot ရိုက်ထားပေးရပါမည်။ ဒီပို့စ်အောက်မှာ Screenshot ရိုက်ထားတဲ့ပုံကို ကွန်မန့်ပေးရပါမည်။(၈) ဆုငွေတစ်သိန်းကျော်ပြီး အမှတ်ပြည့်ရသူမရှိပါက (၄) မှတ် ရရှိသူ များထဲမှ (၃) ဦးရွေးချယ်ကာ ဗုဒ္ဓဟူးနေ့မှာ ကြေညာပေး မှာဖြစ်ပြီး အဖြေမှန်သူတွေက ရိုးရာလေး Chat box ကို သောကြာနေ့နောက်ဆုံးထားပြီး လာရောက် ဆက်သွယ်ပေးရပါမည်။ (အဖြေမှန်သူတွေက ရိုးရာလေး Chat Box ကို လာရောက်ဆက်သွယ်တဲ့အခါ Submit လုပ်ထားတဲ့ Screenshot နဲ့ အဖြေမှန်သူရဲ့မှတ်ပုံတင်ကို ပြပေးရပါမယ်။)(၉) အဖြေမှန်တဲ့သူတွေက သောကြာနေ့နောက်မှ ဆက်သွယ်လာမည်ဆိုပါက ဆုလက်ဆောင် ရရှိမည် မဟုတ်ပါ။(၁၀) ရိုးရာလေး Chat Box ကို အဖြေမှန်သူလာရောက်ဆက်သွယ်ပြီးနောက် တစ်ပတ်အတွင်း ဆုလက်ဆောင်ကို ပေးအပ်သွားပါမည်။(အမှတ်အများဆုံးရရှိသူ (၃) ဦးထက်မကရှိနေလျှင် ရိုးရာလေး Admin Team မှ (၃) ဦးကိုသာ မဲနှိုက် ရွေးချယ်သွားမှာဖြစ်ပြီး ဆုလက်ဆောင်ကို အချိုးကျခွဲဝေပေးအပ်သွားပါမည်။ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ခန့်မှန်းချက်တွေကိုပဲ လက်ခံ စဉ်းစား သွားမှာဖြစ်ပြီး အငြင်းပွားစရာတွေ ရှိလာရင်တော့ ရိုးရာလေးရဲ့ ဆုံးဖြတ် ချက်သာ အတည်ဖြစ်ပါတယ်)- ဖောင်ထဲမှာ လူကြီးမင်းဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ရိုးရာလေးနဲ့ ပတ်သက်တဲ့ Promotion အစီအစဉ်တွေကို အခါအားလျော်စွာ message ပို့ပေးသွားပါမည်။စည်းကမ်းချက်များကို ပြောင်းလဲထားတဲ့အတွက် သေချာဖတ်ပြီး ဖြေဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်နော်။