yyl-4-9-001.jpg

သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေ စုဆောင်းသိမ်းဆည်းတဲ့စနစ် ကောင်းကောင်းအလုပ်ဖြစ်နေ

ပစိဖိတ်သမုဒ္ဒရာမှာ ပေါလောပေါ်ပြီး မျောလာနေတဲ့ ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းဖို့အတွက် အမှိုက်စုဆောင်းသိမ်းဆည်းတဲ့စနစ် တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီစနစ်က ပလတ်စတစ်တွေကို စုဆောင်းယူနိုင်တယ်လို့ အဲဒီစနစ်ရဲ့တီထွင်ဖန်တီးသူက ပြောကြားခဲ့ပါတယ်။ နယ်သာလန်အခြေစိုက် အကျိုးမြတ်မယူတဲ့ Oceanup က ဒီစနစ်က အရွယ်အစားကြီးတဲ့…

yyl-031-1.jpg

သမုဒ္ဒရာတိုင်းရဲ့ အနက်ဆုံးနေရာတိုင်းကို ပထမဆုံးသွားရောက်နိုင်သူအဖြစ် အမေရိကန်လူစွန့်စား စံချိန်တင်

အမေရိကန်နိုင်ငံသား စွန့်စားသွားလာသူတစ်ဦးဟာ သမုဒ္ဒတိုင်းရဲ့ အနက်ဆုံးနေရာတိုင်းကို ပထမဆုံး သွားရောက်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဗက်စ်ကိုဗိုဟာ ပြီးခဲ့တဲ့(၁၀)လအတွင်း ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်ပိုင်းသမုဒ္ဒရာနဲ့ အတ္တလန ္တိတ်သမုဒ္ဒရာကြမ်းပြင်တွေမှာရှိတဲ့ အနက်ဆုံးနေရာတွေအထိ ရေငုပ်ခဲ့သူပါ။ ပဉ္စမမြောက်နဲ့ အခုနောက်ဆုံးအနေနဲ့ အာတိတ်သမုဒ္ဒရာမှာရှိတဲ့ မော်လွိုင်းချောက်ကို…

453C256B00000578-0-image-a-6_1507735674497.jpg

ပင်လယ်သမုဒ္ဒရာထဲကိုစီးဆင်းနေတဲ့ ပလတ်စတစ်မြစ်ကြောင်း

နွေရာသီမှာ စည်းမဲ့ကမ်းမဲ့ လွှင့်ပစ်ချင်တိုင်းလွှင့်ပစ်လိုက်တဲ့အမှိုက်သရိုက်တွေက မိုးတွင်းရောက်တဲ့အခါ ဒုက္ခလှလှကြီးပေးပါတယ်။ ရေမြောင်းတွေပိတ်ဆို့ပြီး ရေလျှံမှုတွေ ဖြစ်ပွားသလို မြစ်ရေစီးကြောင်းကနေတဆင့် ပင်လယ်သမုဒ္ဒရာထဲရောက်သွားပြီး ရေနေသတ္တဝါများစွာကို ဒုက္ခဖြစ်စေပါတယ်။ ပလတ်စတစ်တွေဆွေးမြေ့ဖို့ဆိုတာ နှစ်ရာနဲ့ချီကြာနိုင်တာမို့ ပင်လယ်ရေအောက်ထဲမြုပ်သွားရမယ့်အစား ရေပေါ်တက်လာပြီး လူသားတွေကို ပြန်လည်ဒုက္ခပေးတတ်ပါသေးတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းစုလေးတွေမှာဆိုရင်…

60879850_2380563675307872_8434570931820560384_n.jpg

သမုဒ္ဒရာရဲ့ အနက်ဆုံးအပိုင်းအထိ စံချိန်တင်ဆင်းသက်ခဲ့သူ ပလတ်စတစ်အမှိုက်များ တွေ့ရှိ

အမေရိကန်နိုင်ငံက စွန့်စားသွားလာသူတစ်ယောက်ဟာ သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာအထိ ကမ္ဘာ့စံချိန်တင် ရေငုပ်ခဲ့ရာမှာ ပလတ်စတစ်အမှိုက်တွေ တွေ့ရှိခဲ့ပါတယ်။ ဗက်စ်ကိုဗိုဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ မာရီယာနာချောက်မှာ ရေအောက်အနက် (၇) မိုင်လောက်နီးပါး ရေငုပ်ခဲ့ပါတယ်။ အနက်ပေများလွန်းတဲ့နေရာမှာ ရေငုပ်ဖို့အတွက် ပြင်းထန်တဲ့ဖိအားဒဏ် ခံနိုင်အောင် တည်ဆောက်ထားတဲ့…

indonesia-beached-whale-1000x570.jpg

ပလတ်စတစ် ၁၃ ပေါင်လောက် စားမိထားတဲ့ ဝေလငါးသေတစ်ကောင် အင်ဒိုနီးရှားမှာ ကမ်းတင်လာခဲ့

ပြီးခဲ့တဲ့တစ်ပတ်က ဝေလငါးသေကြီးတစ်ကောင်ဟာ ပင်လယ်ထဲကမျောလာပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဝါကာတိုဘီ (Wakatobi) အမျိုးသားဥယျာဉ်ကြီးထဲက ကာပိုတာ (Kapota) ကျွန်းရဲ့ ကမ်းပေါ်မှာ ကမ်းတင်လာခဲ့ပါတယ်။ ဝေလငါးသေကြီးဟာ ၃၁ ပေအရှည်ရှိပြီး ဘယ်သို့ဘယ်ပုံ သေဆုံးခဲ့ရတယ်လို့ အပ်ချမတ်ချ စစ်ဆေးမရတော့အောင် ပျက်စီးနေခဲ့ပြီ…

plastic-worm-1024x614.jpg

ထူးခြားတဲ့ ပလတ်စတစ်စား ဘတ်တီးရီးယားတွေကို ရှာဖွေတွေ့ရှိ

လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သုတေသီတွေဟာ ဂျပန်နိုင်ငံက စွန့်ပစ် အမှိုက်ပုံတစ်ခုမှာ ပလတ်စတစ်စား ဘက်တီးရီးယားကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကို လေ့လာနေကြတဲ့ သိပ္ပံပညာရှင်တွေဟာ ဒီပလတ်စတစ်စား ဘတ်တီးရီးယားတွေရဲ့ ကြီးမားတဲ့ ခြေဖျက်နိုင်မှု အင်ဇိုင်းတစ်မျိုးကို အမှတ်မထင် ထပ်မံတွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်ကို…

1523272729_plasticos.jpg

ပလတ်စတစ် စွန့်ပစ် အမှိုက် ၆၄ ပေါင် စားမိကာ သေဆုံးသွားခဲ့တဲ့ ဝေလငါး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စပိန်နိုင်ငံတောင်ပိုင်း မာဆီယန်ကမ်းခြေမှာ ဧရာမ ဝေလငါးကြီး တစ်ကောင် သေဆုံးပြီး သောင်တင်ခဲ့တဲ့ အခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဝေလငါးကြီးရဲ့ ကိုယ်တွင်းက ထွက်အန်ကျလာခဲ့တဲ့ စွန့်ပစ် ပလတ်စတစ် ပစ္စည်းတွေပါပဲ။ အလေးချိန်…

24172.ngsversion.1421960993291.adapt_.1900.1.jpg

တိုက်တန်းနစ်သင်္ဘောရဲ့အကြွင်းအကျန်များ နောက်နှစ်ပေါင်းအနည်းငယ်တွင် အစပျောက်သွားနိုင်

ဆောက်သမ်တန်ကနေ နယူးယောက်သို့သွားတဲ့ ခရီးစဉ်အတွင်း မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲ ၁၉၁၂ ဧပြီလ ၁၅ ရက်တွင် ရေခဲတောင်နဲ့တိုက်မိပြီး သမုဒ္ဒရာအောက်ထဲ မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောဟာ အခုချိန် ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာ ဘယ်သူမှအတိအကျ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။

Titan_poster.svg_.png

စေတန်ရဲ့ ဂြိုလ်အရံလ တိုင်တန်ပေါ်တွင် သက်ရှိ ဖြစ်ထွန်းနိုင်ဖွယ်တွေ့ရှိ

သိပ္ပံစိတ်ကူးယဉ် ဇတ်ကားတွေလို ဂြိုလ်သားတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သုတေသန ပညာရှင်တွေက စေတန်ရဲ့ အကြီးဆုံးလဖြစ်တဲ့ တိုင်တန်ပေါ်မှာ သက်ရှိဖြစ်ထွန်းနိုင်တဲ့ အခြေအနေတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ ဗိုင်းနယ်လ်ဆိုင်ရာနိုက် (vinyl cyanide) ဟာ ရှုပ်ထွေးတဲ့ သဘာဝ မော်လီကျူး…