22-5-2020-yyl-045.jpg

သြစတြေးလျကို တင်ပို့တဲ့ လက်သန့်ဆေးရည်ဘူးတွေထဲမှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိ

မူးယစ်ဆေးဝါးရောင်းဝယ်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အခွင့်ကောင်းယူပြီး သြစတြေးလျနိုင်ငံထံ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်းတွေ တင်ပို့ရာမှာ မက်သမ်ဖီတာမင်းတွေ ထည့်သွင်းတင်ဆောင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း လိုအပ်ချက်အများဆုံးဖြစ်နေတဲ့ ပစ္စည်းတချို့ထဲမှာ မက်သမ်ဖီတာမင်းဆေး ၂ ကီလိုဂရမ် လျှို့ဝှက်ထည့်သွင်းလာတာကို…

mar062005.jpg

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက သြစတြေးလျတောမီး လောင်ကျွမ်းမှု ဖြစ်ပွားနိုင်ခြေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း သက်ရောက်

ပြီးခဲ့တဲ့လပိုင်းအတွင်း သြစတြေးလျနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုအတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကို သိပ္ပံပညာရှင်တွေက ချင့်ချိန်သုံးသပ်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပူနွေးမှုက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အားကောင်းစေပြီး တောမီး လောင်ကျွမ်းမှု ဖြစ်ပွားနိုင်ခြေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း…

yyl-002-18.jpg

သြစတြေးလျဓာတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ နမူနာပိုးမွေးနိုင်ခဲ့ပြီ

သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပထမဆုံး ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပြန်လည်ဖန်တီးနိုင်ခဲ့တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုနဲ့ ကုသမှုလုပ်ဖို့ ကြိုးပမ်းရာမှာ အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။ သြစတြေးလျသိပ္ပံပညာရှင်တွေက သူတို့ရဲ့တွေ့ရှိမှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)ထံ…

yyl-001-14.jpg

ရေဆာတဲ့အတွက် ကားလမ်းမပေါ် ရေလာသောက်တဲ့ ကိုအာလာလေး

လက်ရှိမှာတော့ သြစတြေးလျတောမီးလောင်ကျွမ်းတာက တဖြည်းဖြည်းနဲ့ လျော့နည်းလာပါပြီ။ တချို့တိရစ္ဆာန်လေးတွေက မီးခိုးငွေ့တွေကြားမှာ နေထိုင်နေကြရပါတယ်။ သူတို့ဟာ ဘယ်နေရာမှ သွားနိုင်စွမ်းမရှိကြတဲ့ တိရစ္ဆာန်လေးတွေပါ။ အဲဒီတွေထဲကမှ ကိုအာလာဝက်ဝံလေးတစ်ကောင်က ရေဆာတဲ့အတွက် ကားလမ်းမပေါ် တက်ပြီး ရေလာသောက်ခဲ့ပါတယ်။ အဲဒီလိုရေသောက်နေတာကို ပါမီလာ ဆချာယာမ်…

yyl-047-3.jpg

လာမယ့်သြစတြေးလျအိုးပင်းမှာ ပါဝင်ဖို့ မသေချာဘူးလို့ ရှာရာပိုဗာ ပြော

သြစတြေးလျအိုးပင်း ပထမအဆင့်မှာ နိုင်ခြေအဆင့်(၁၉)သတ်မှတ်ခံရတဲ့ ခရိုအေးရှား တင်းနစ်မယ် ဒွန်နာဗီကစ်ကို ရှုံးနိမ့်ခဲ့တဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာက လာမယ့်နှစ်တွေမှာ သြစတြေးလျအိုးပင်းပြိုင်ပွဲ ဆင်နွှဲဖို့ မသေချာဘူးလို့ ဆိုပါတယ်။ ရှာရာပိုဗာဟာ ပခုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲနည်းနည်းပဲ ကစားနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၃၆၆)အထိ…

yyl-012-10.jpg

သြစတြေးလျမှာ မုန်တိုင်းတိုက်နေပေမဲ့ တောမီးအန္တရာယ်မပြီးဆုံးသေး

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းက တောမီးလောင်ကျွမ်းနေတဲ့ ဒေသမှာ မုန်တိုင်းတိုက်ခတ်လို့ မိုးသည်းသည်းမဲမဲ ရွာသွန်းနေပေမဲ့ တောမီးလောင်ကျွမ်းမှု မပြီးဆုံးသေးဘူးလို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးရွာသွန်းခဲ့ပေမဲ့ ဇန်နဝါရီလ ၂၀ ရက်အထိ နယူးဆောက်ဝေးလ်နဲ့ ဗစ်တိုးရီးယားပြည်နယ်တွေမှာ တောမီးလောင်ကျွမ်းမှု ၈၀…

01-1.jpg

ကားပြတင်းပေါက်ကနေ စီးကရက်ဖင်စီခံလွှင့်ပစ်တဲ့ ယာဉ်မောင်းတွေကို (၁၀)မှတ်လျှော့ပြီး ဒဏ်ငွေဒေါ်လာ ၁၁၀၀၀ ချမှတ်မယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်

ကားပြတင်းပေါက်ကနေ စီးကရက်ဖင်စီခံ လွှင့်ပစ်တဲ့ ယာဉ်မောင်းတွေကို ယာဉ်စည်းကမ်းဖောက်ဖျက်မှုအရ ၁၀ မှတ်လျှော့ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၁၀၀၀ အထိ ချမှတ်မယ့် စည်းမျဉ်းသစ်တွေကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်မှာ စတင်အကျုံးဝင်လာတဲ့…

yyl-035-6.jpg

လေထုအရည်အသွေး ဆိုးရွားပြီး မိုးရွာသွန်းလို့ သြစတြေးလျအိုးပင်းပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကို ရွှေ့ဆိုင်း

သြစတြေးလျနိုင်ငံမှာ တောမီးလောင်ကျွမ်းနေလို့ လေထုအရည်အသွေး ဆိုးရွားပြီး မိုးရွာသွန်းခဲ့တဲ့အတွက် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လေထုအရည်အသွေးက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ သတ်မှတ်ခဲ့ရတဲ့အတွက် အစောပိုင်းမှာ လက်ရည်စစ်ပွဲတွေ စတင်မယ့်အချိန်ကို ၃ နာရီကြာ ဆိုင်းငံ့ခဲ့ပါတယ်။ လက်ရည်စစ်ပွဲတွေကို ဒေသစံတော်ချိန်…

yyl-010-6.jpg

တောမီးကြောင့် ဆာလောင်မွတ်သိပ်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် သြစတြေးလျအာဏာပိုင်တွေက အစားအစာတွေ ထောက်ပံ့ပေးနေ

သြစတြေးလျ အာဏာပိုင်တွေဟာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် အစာရေဆာပြတ်လပ်မှု တွေရှိနေတဲ့ ဝါလဘီတိရစ္ဆာန်(သားပိုက်ကောင်အသေးစား) တွေအတွက် အစားအစာတွေရရှိအောင် ဆောင်ရွက်လို့နေပါတယ်။ လေယာဉ်နဲ့ နယူး ဆောက်သ် ဝေးလ်ကို ဖြတ်သန်းကာ မုန်လာဥနီနဲ့ ကန်စွန်းဥပေါင်ချိန် ထောင်ပေါင်းများစွာကို ကောင်းကင်ပေါ်ကနေ ပစ်ချပေးခဲ့ပါတယ်။…

34-1.jpg

သြစတြေးလျတောမီးကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေ ကမ္ဘာတစ်ပတ် ပြည့်တော့မယ်

သြစတြေးလျတောမီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ မကြာခင် ကမ္ဘာတစ်ပတ်ပတ်ပြီး သြစတြေးလျနိုင်ငံကို ပြန်ရောက်လာလိမ့်မယ်လို့ နာဆာအဖွဲ့က ပြောပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ လနဲ့ချီ လောင်ကျွမ်းခဲ့တဲ့ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့ပါတယ်။ နှစ်သစ်ကူးနေ့ဝန်းကျင်မှာ…