အီရန်နိုင်ငံမှာ သူလျှိုလုပ်မှုကြောင့် ထောင် ၁၀ နှစ်ကျခံနေရတဲ့ ဗြိတိန်-သြစတြေးလျအမျိုးသမီးကို သဲကန္တာရထဲက ဆိုးရွားတဲ့ အကျဉ်းထောင်ထံ လွှဲပြောင်း

28-7-2020-yyl-008.jpg

အီရန်နိုင်ငံမှာ သူလျှိုလုပ်တယ်ဆိုတဲ့စွဲချက်ကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ဗြိတိန်နွှယ်ဖွား သြစတြေးလျနိုင်ငံသူကို သဲကန္တာရထဲမှာရှိတဲ့ ဆိုးသွမ်းတဲ့ အကျဉ်းထောင်ဆီ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွက ပြောပါတယ်။ မဲလ်ဘုန်းတက္ကသိုလ်မှာ စာပို့ချတဲ့ ခိုင်လီမိုးဂီဘတ်ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက ထောင်ဒဏ်ကျခံနေရသူပါ။ ခိုင်လီက သူ့အပေါ်တင်ထားတဲ့ စွဲချက်အားလုံးကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။ သူဟာ တီဟီရန်မြို့ အကျဉ်းထောင်ရဲ့ ကြမ်းပြင်မှာ နှစ်နှစ်လောက်အိပ်စက်ခဲ့ရတယ်လို့ သူ့ရဲ့မိတ်ဆွေတစ်ယောက်က ဆိုပါတယ်။ သူဟာ သီးသန့်ခွဲခြားခံထားရပြီး အစာငတ်ခံဆန္ဒပြမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။

သူက အကျဉ်းသားသစ်တွေကို နှစ်သိမ့်ပေးဖို့ စာတိုလေးတွေ ပေးတာ၊ အကျဉ်းထောင်နံရံပေါ်မှာ စာရေးတာတွေလုပ်ခဲ့လို့ ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ သူ့ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကာချက်အကျဉ်းထောင်ထံ ပို့တော့မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အပြစ်ပေးဖို့အတွက် အဲဒီအကျဉ်းထောင်ကို အသုံးပြုလေ့ရှိပါတယ်။ အကျဉ်းသားဟောင်းတွေပြောပြချက်အရတော့ အဲဒီအကျဉ်းထောင်ရဲ့ အခြေအနေတွေက တော်တော်ဆိုးရွားတယ်လို့ ဆိုပါတယ်။ ကမ်းဘရစ်ချ်တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ခိုင်လီဟာ သြစတြေးလျနိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်က ညီလာခံတစ်ခုအပြီး အီရန်နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားချိန် တီဟီရန်မြို့ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top