တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၁၃၉ ယောက် ထပ်တိုးလာ

yyl-013-10.jpg

ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၁၃၉ ယောက် ထပ်တိုးလာတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေဟာ ဝူဟန်၊ ဘေဂျင်း၊ ရှန်ကျန်းမြို့တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ ခွဲခြားဖော်ပြပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလစပြီး တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ကူးစက်ခံရသူ ၂၀၀ ကျော် ရှိလာခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ ရှာဖွေစမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့လို့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာခဲ့တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၂ ယောက် တွေ့ထားပြီး ဂျပန်နိုင်ငံမှာ တစ်ယောက် တွေ့ရှိထားပါတယ်။

ဝူဟန်မြို့မှာရှိတဲ့ ရောဂါကူးစက်ခံရသူ ၁၇၀ ဟာ ဆေးရုံမှာ ကုသမှုခံယူနေဆဲဖြစ်ပြီး လူ ၉ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အရာရှိတွေက ပြောပါတယ်။ ဝူဟန်မြို့ကို သွားရောက်ခဲ့သူ ၂ ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ ဆက်နွှယ်တဲ့ အဆုတ်ရောင်ရောဂါလက္ခဏာတွေကြောင့် ကုသမှု ခံယူနေရတယ်လို့ ဘေဂျင်းမြို့ ဒါရှင်းခရိုင်မှာရှိတဲ့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဝူဟန်မြို့က ဆွေမျိုးတွေထံသွားရောက်လည်ပတ်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ရှန်ကျန်းမြို့ အရာရှိတွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top