တာလီဘန်လက်နက်ကိုင်နှစ်ယောက်ကို သတ်နိုင်ခဲ့တဲ့ အာဖဂန်နစ္စတန် မိန်းကလေးငယ်

22-7-2020-yyl-008.jpg

သူ့မိဘတွေကို သတ်ခဲ့တဲ့ တာလီဘန်လက်နက်ကိုင်တွေကို ပြန်လည်ခုခံတိုက်ခိုက်ပြီး လက်နက်ကိုင်နှစ်ယောက်ကို သတ်နိုင်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ လူမှုကွန်ရက်ပေါ်မှာ အာဂသတ္တိခဲမလေးအဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ ကောင်မလေးက အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်ကြား အရွယ်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ သူ့အဖေက အစိုးရကို ထောက်ခံအားပေးသူဖြစ်လို့ တာလီဘန်လက်နက်ကိုင်တွေက သူတို့အိမ်ကို ရောက်လာပြီး တိုက်ခိုက်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မိန်းကလေးငယ် သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

နောက်ပိုင်းမှာ တာလီဘန်လက်နက်ကိုင်တွေက သူတို့အိမ်ကို တိုက်ခိုက်ဖို့ ထပ်ရောက်လာပေမဲ့ ရွာသားတွေနဲ့ အစိုးရကို လိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့က တိုက်ထုတ်နိုင်ခဲ့ကြပြီး မိန်းကလေးနဲ့ သူ့မောင်လေးကို ဘေးကင်းလုံခြုံရာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့ ဂိုအာပြည်နယ်ဟာ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းရဲ့ ဖွံ့ဖြိုးမှုနိမ့်ကျပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု မြင့်မားတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ တာလီဘန်အဖွဲ့ဝင်တွေကတော့ လက်ရှိအာဖဂန်နစ္စတန်အစိုးရအဖွဲ့နဲ့ အခြေခံဥပဒေကို ဖယ်ရှားဖို့ ဆက်ပြီးတောင်းဆိုနေတုန်းပါပဲ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top