နှာခေါင်းစည်းတပ်ဖို့ ငြင်းဆန်တဲ့ ခရီးသည်ကို အမေရိကန် လေကြောင်းလိုင်းက လေယာဉ် ပေါ်ကနေ ဖယ်ရှား

19-6-2020-yyl-007.jpg

နှာခေါင်းစည်းတပ်ဖို့ ငြင်းဆန်တဲ့ ခရီးသည်တစ်ယောက်ကို အမေရိကန်လေကြောင်းလိုင်း( American Airlines)က လေယာဉ်ပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မြို့ကနေ ဒဲလက်စ်မြို့ကို ပျံသန်းတဲ့ လေကြောင်းအမှတ် ၁၂၆၃ လေယာဉ်ပေါ်မှာ လေယာဉ်မယ်တွေက စထရာကာကို နှာခေါင်းစည်းတပ်ဆင်ဖို့ ပြောခဲ့ပေမဲ့ စထရာကာက ငြင်းဆန်ခဲ့ပါတယ်။ မဖြစ်မနေ နှာခေါင်းစည်းဝတ်ဆင်ရမယ်ဆိုတဲ့ ပြည်ထောင်စုဥပဒေ ထုတ်ပြန်ထားခြင်းမရှိလို့ လေယာဉ်ပေါ်မှာ နှာခေါင်းစည်းမဝတ်နိုင်ဘူးလို့ စထရာကာက တုံ့ပြန်ခဲ့တာပါ။ အဲဒီနောက်မှာတော့ လေယာဉ်အမှုထမ်းတွေက သူ့ကို လေယာဉ်ပေါ်ကနေ ဖယ်ရှားခဲ့တာပါ။

COVID-19 ကပ်ရောဂါကာလမှာ ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် ပြီးခဲ့တဲ့မေလလယ်ကစပြီး အမေရိကန်လေကြောင်းလိုင်းအားလုံးက ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေကို နှာခေါင်းစည်းတပ်ဆင်ဖို့ စည်းမျဉ်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်လေကြောင်းခရီးစဉ်တွေမှာ မဖြစ်မနေ နှာခေါင်းစည်းဝတ်ဆင်ရမယ်လို့ ပြည်ထောင်စုဥပဒေ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ သရုပ်ဆောင်ဟောင်း၊ ဆံကေသာအလှပညာရှင် တစ်ယောက်ဖြစ်တဲ့ စထရာကာက ဒီမိုကရက်တစ်ပါတီအပေါ် မထောက်ခံကြဖို့ #WalkAway Campaign ကို စတင်လှုပ်ရှားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top