ပြင်သစ်နိုင်ငံမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေကို ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေးတွေ အခမဲ့ပေးမယ်

3-1-2023-yyl-31.jpg

ပြင်သစ်နိုင်ငံရဲ့ ဆေးဆိုင်တွေဟာ အသက် ၂၆ နှစ်အောက် လူငယ်တွေကို ကွန်ဒုံးအခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါဟာ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ကျန်းမာရေး ကြိုတင်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အသေးစား တော်လှန်ပြောင်းလဲမှုတစ်ရပ်ပါ။

ပြင်သစ်နိုင်ငံရဲ့ လူငယ်တွေကြားမှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ပျံ့နှံ့မှုကို တားဆီးဖို့ ရည်ရွယ်ပြီး နှစ်သစ်ကူးနေ့မှာ အဲဒီအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့တာပါ။ အစပိုင်းမှာတော့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေ အကျုံးဝင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီထက် ပိုငယ်တဲ့ လူငယ်တွေပါ အကျုံးဝင်လာမှာပါ။

ဇန်နဝါရီလ ၁ ရက်ကစပြီး ပြင်သစ်နိုင်ငံရဲ့ အမျိုးသမီးအားလုံးလည်း ဆရာဝန်ရဲ့ လက်မှတ်မပါဘဲ အရေးပေါ် သန္ဓေတားဆေးတွေ အခမဲ့ ရရှိမှာဖြစ်တယ်လို့ ပြင်သစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာဗာရန်းက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Ref: France offers free condoms to young people and free emergency contraception to all women

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top