မျက်နှာတစ်ခြမ်း အကြောသေသွားလို့ ဖျော်ဖြေပွဲတွေ ဖျက်ခဲ့ရတဲ့ ဂျက်စတင်ဘီဘာ

6-6-2022-yyl10.jpg

မျက်နှာတစ်ခြမ်း အကြောသေသွားလို့ Justice World Tour ရဲ့ ဖျော်ဖြေပွဲ ၃ ခုကို ဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့ ဂျက်စတင်ဘီဘဘာက ပြောပါတယ်။ Ramsay Hunt ဆင်ဒရုန်းကြောင့် မျက်နှာတစ်ခြမ်း အကြောသေသွားပြီး မျက်စိတစ်ဖက် မျက်တောင်မခတ်နိုင်တဲ့ အခြေအနေကို အင်စတာဂရမ်ဗီဒီယိုမှာ ပြသခဲ့တာပါ။

ရေယုန်ပေါက်ပြီး နားရွက်နားမှာရှိတဲ့ မျက်နှာအာရုံကြော ထိခိုက်မိရင် Ramsay Hunt ဆင်ဒရုန်းဖြစ်လာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ မျက်နှာ ညာဖက်တစ်ခြမ်း အကြောသေသွားပြီး ရုပ်ပိုင်းဆိုင်ရာ အနေအထားအရ ဖျော်ဖြေပွဲတွေ လုပ်နိုင်မှာ မဟုတ်သေးလို့ စိတ်ရှည်ရှည်စောင့်ဆိုင်းပေးကြဖို့လည်း သူ့ပရိသတ်တွေကို ဂျက်စတင်ဘီဘာက မေတ္တာရပ်ခံခဲ့ပါတယ်။

ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်နေပေမဲ့ ပြန်သက်သာလာဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ မသိသေးဘူးလို့ ဂျက်စတင်ဘီဘာက ဆိုပါတယ်။

Ref: BBC ” Justin Bieber reveals facial paralysis after shows cancelled”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top