လူသားမျိုးစိတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ဆွီဒင်မျိုးဗီဇပညာရှင် ဆေးပညာနိုဘယ်ဆု ဆွတ်ခူး

3-10-2022-yyl37.jpg

လူသားမျိုးစိတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ဆွီဒင်မျိုးဗီဇပညာရှင် ဆဗန်တေးပါဘိုဟာ ဒီနှစ်အတွက် ဆေးပညာနိုဘယ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ပါဘိုဟာ မျက်မှောက်ခေတ် လူသားမျိုးစိတ်တွေနဲ့ အနီးစပ်ဆုံး မျိုးစိတ်တွေဖြစ်တဲ့ Neanderthals နဲ့ Denisovans တို့ကြား မျိုးဗီဇအစုအဝေးကို နှိုင်းယှဉ်တဲ့ သုတေသနကို ဦးဆောင်ခဲ့ပြီး မျိုးစိတ်တွေကြားမှာ ရောယှက်မှုတွေ ရှိနေကြောင်း ဖော်ပြနိုင်ခဲ့တာပါ။

တနင်္လာနေ့မှာ ဆေးပညာ နိုဘယ်ဆုကို ကြေညာခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ရူပဗေဒနိုဘယ်ဆု၊ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒနိုဘယ်ဆု၊ ကြာသပတေးနေ့မှာ စာပေဆိုင်ရာ နိုဘယ်ဆု၊ သောကြာနေ့မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု၊ အောက်တိုဘာလ ၁၀ ရက်မှာ စီးပွားရေးနိုဘယ်ဆုကို ကြေညာသွားမှာပါ။

Ref:Nobel Prize in Medicine Awarded to Swedish Scientist Svante Pääbo for Research on Evolution

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top