သမီးလေး မျက်နှာမမြင်ခင် ကွယ်လွန်သွားတဲ့ဇနီးကို ရည်စူးပြီး ဓာတ်ပုံတွေ ဖန်တီးခဲ့သူ

20-7-2022-22.jpg

အချစ်ဆုံးသူတွေကို ဆုံးရှုံးရခြင်းက လူသားတွေရဲ့ စိတ်နှလုံးကို တမြေ့မြေ့လောင်ကျွမ်းစေတဲ့ အရာတစ်ခု။ ဒီလိုခံစားမှုမျိုး ကြုံခဲ့ရသူက ဂျိမ်းစ်အဲဗာရက်ဇ်။၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ ကိုယ်ဝန် ၈ လရှိနေတဲ့ ချစ်ဇနီးနဲ့အတူ လမ်းလျှောက်ထွက်နေတုန်း အရက်မူးနေတဲ့ ကားသမားကြောင့် ဇနီးသည် အဂွေလာ သေဆုံးခဲ့ရတယ်။ အဲဒီနေ့ကစပြီး နေဝင်ချိန်တွေဟာ သူ့အတွက် နာကျည်းစရာ။

ကားတိုက်ခံရလို့ ဇနီးသည် ကွယ်လွန်သွားခဲ့ပေမဲ့ ဆရာဝန်တွေက ဗိုက်ခွဲမွေးပေးခဲ့လို့ ချစ်ဇနီးရဲ့ ဗိုက်ထဲက သမီးလေးကိုတော့ ကယ်တင်နိုင်ခဲ့တယ်။ သမီးလေးကို အဒါလင်းရို့စ်လို့ နာမည်ပေးတယ်။ ဒီနာမည်က သူတို့လင်မယားနှစ်ယောက် အတူရွေးခဲ့တဲ့နာမည်။ဇနီးသည်ကွယ်လွန်ပြီး ၃ ပတ်ကြာမှ သူတို့သားအဖ ဆေးရုံက ပြန်ဆင်းခွင့်ရခဲ့တယ်။

အိမ်ပြန်ရောက်ချိန်မှာ သူပြောတဲ့စကားကြောင့် ကြားရသူတွေမှာ မျက်ရည်စို့ရ။ ” လွမ်းလိုက်တာ မိန်းမရယ်။ ကိုယ်တို့နဲ့အတူ ရှိနေသင့်တာလေ။ လှပတဲ့အခိုက်အတန့်တွေအတွက် မင်း ရှိနေသင့်တယ်လေကွာ”တဲ့။ ဇနီးသည် ကွယ်လွန်တဲ့ တစ်နှစ်ပြည့်မှာတော့ သမီးလေးကို သူ့အမေနဲ့ ဆုံရသလို ခံစားမှုမျိုး ရစေဖို့ ဒီဓာတ်ပုံတွေကို သူ ဖန်တီးခဲ့တာပါ။

Ref: Husband Recreates Late Wife’s Maternity Shoot With Their Baby Daughter

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top