သူစိမ်းအပေါ်စေတနာထားခြင်းရဲ့အကျိုးကို တန်ပြန်ခံစားခဲ့ရတဲ့ ဆီဆိုင်အလုပ်သမား

30-8-2021-yyl06.jpg

ဆီဆိုင်က အလုပ်သမားကောင်လေးတစ်ယောက်ဟာဆိုရင် ဆီလာဖြည့်နေကျဖောက်သည်တစ်ဉီးအပေါ်စေတနာသဒ္ဒါတရားအပြည့်နဲ့ ကူညီပေးလိုက် ခြင်းရဲ့အကျိုးဆက်ကို ပြန်ခံစားခဲ့ရပါတယ်။ အဲဒီအကျိုးဆက်က သူ့ဘဝကို ပြောင်းလဲသွားစေတဲ့လက်ဆောင်တစ်ခုပါပဲ။ အဲဒီဖောက်သည်က ကျေးဇူးတရားသိတတ်စွာနဲ့ အဲဒီအလုပ်သမားကောင်လေးကို (၈) နှစ်စာလစာလောက်ရှိတဲ့ ငွေတွေကို ရှာပြီးပေးခဲ့လို့ပါပဲ။ အလုပ်သမားကောင်လေးက ဘယ်လိုကူညီလိုက်လို့ အခုလိုအကျိုးခံစားခဲ့ရတာလဲဆိုရင် ဖြစ်ပုံက ဒီလိုပါ။

မိုနက် ဗန် ဒီဗန်တာ (Monet van Deventer) ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူ့ကား ဆီဖြည့်ဖို့အတွက် တောင်အာဖရိကက ဆီဆိုင်မှာ ရပ်တန့်ခဲ့ပါတယ်။ မိုနက်ရဲ့ ကား ကို ဆီဖြည့်ပေးဖို့ အလှည့်ကျတဲ့သူကတော့ အသက် ၂၈ နှစ်အရွယ် နကိုဆီခို မာဘီလီ (Nkosikho Mbele) ဆိုတဲ့ ဆီဆိုင်အလုပ်သမားလေးပါ။ နကိုဆီခိုက ဝန်ဆောင်မှုမပေးခင်မှာ မိုနက်ရဲ့ကားမှန်ကို အရင်ဆုံးသုတ်ပေးရပါတယ်။ နကိုဆီခို ဆီဖြည့်ဖို့လုပ်တဲ့အချိန်မှာတော့ မိုနက်က သူ့ရဲ့ပိုက်ဆံကတ်အိမ်မှာ မေ့ကျန်နေခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။

ဆီဖြည့်ခရှင်းဖို့ အခက်ကြုံနေတဲ့ ဖောက်သည်ရဲ့ပြဿနာကို နကိုဆီခိုက ကူညီဖြေရှင်းပေးခဲ့ပါတော့တယ်။ မိုနက်က နောက်နေ့ကျရင် ပိုက်ဆံပြန်လာပေးမယ်ဆိုတဲ့ ကတိနဲ့ နကိုဆီခိုက သူ့ရဲ့ပိုက်ဆံကတ်နဲ့ မိုနက်ကိုယ်စား ဆီဖြည့်ခပေးချေပေးခဲ့တာပါ။ နကိုဆီခိုက သူ့ရဲ့ပိုက်ဆံကတ်နဲ့ ရီးယဲ ၁၀၀ (R100) ပေးချေခဲ့ကာ ကားထဲ ဆီဖြည့်ပေးခဲ့ပါတယ်။

မိုနက်ဟာ သူစိမ်းတစ်ယောက်ဆီက အကူအညီရရှိခဲ့ပြီး သူ့ရဲ့အကြင်နာတရားကို ခံစားမိခဲ့တာကြောင့် အဲဒီတစ်ယောက်အတွက် ရန်ပုံငွေရှာပေးဖို့လုပ်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာ နကိုဆီခိုရဲ့ ၈ နှစ်စာလစာနဲ့ညီမျှတဲ့ ရန်ပုံငွေ ဒေါ်လာ ၉၄,၀၀၀ ရှာနိုင်ခဲ့ပါတယ်။ နကိုဆီခိုက အဲဒီ ၈နှစ်စာ လစာနဲ့ညီမျှတဲ့ ဒေါ်လာ ၉၄,၀၀၀ကို ရရှိသွားခဲ့ပါတယ်။

Ref: Legit “Kind Filling Station Worker who Paid for Woman’s Fuel Gets Rewarded with 8 Years Worth of Salary”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top