အလင်းရောင်ထွက်တဲ့ မီးဆိုင်းပုံနားဆွဲ ဖန်တီးခဲ့သူ

18-1-2023-yyl-147.jpg

ဖက်ရှင်၊ ဒီဇိုင်း ပညာရှင်တစ်ဦးဖြစ်တဲ့ ဒိုင်ယာနာကယ်ဒါရက်စကူက အလင်းရောင်ထွက်တဲ့ မီးဆိုင်းပုံနားဆွဲ ဖန်တီးခဲ့ပါတယ်။ ဒိုင်ယာနာဟာ ကြေးဝါ၊ ငွေ၊ ၁၄ ကာရက် ရွေ၊ ဖန်နဲ့ LED မီးသီးတွေကို အသုံးပြုပြီး ဖယောင်းတိုင်တွေ ထည့်ထားတဲ့ ရှေးခေတ်မီးဆိုင်းပုံစံ နားဆွဲကို ဖန်တီးခဲ့တာပါ။

နားရွက်နောက်က သေးငယ်တဲ့ ဘက်ထရီတွေကြောင့် နားဆွဲကနေ မီးအလင်းရောင်တွေ ထွက်နေတာပါ။ CR1632 ဘက်ထရစ်က အချိန်ဘယ်လောက်ကြာကြာ မီးလင်းစေနိုင်သလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဘက်ထရီက ပြန်လဲလို့ ရပါတယ်။မကြာသေးခင်ကမှ လော့စ်အိန်ဂျလိစ်မြို့ ကုန်သွယ်-နည်းပညာကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့ ဒိုင်ယာနာဟာ ကျောက်မျက်လက်ရာတွေ ဖန်တီးတဲ့ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ထားသူပါ။ မီးဆိုင်းပုံစံ နားဆွဲတစ်ရံကို ၁၂၈ ဒေါ်လာကနေ ၁၅၈ ဒေါ်လာကြား ကျသင့်မှာဖြစ်ပြီး နားဆွဲမော်ဒယ်အများစု ရောင်းထွက်သွားပါပြီ။ သူ့နားဆွဲတွေအတွက် ဒိုင်ယာနာက အာမခံတစ်နှစ် ပေးထားပါတယ်။

Ref: Artist Creates Chandelier Earrings That Actually Light Up

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top