အလေးချိန် ၃ တန်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး အရိုးမာငါးကြီး

19-10-2022-yyl-09.jpg

ကမ္ဘာ့အလေးချိန်အများဆုံး အရိုးမာငါးလို့ ယူဆရတဲ့ နေငါး (Sunfish) ကြီးတစ်ကောင်ကို ပေါ်တူဂီနိုင်ငံ အဇိုရက်စ်ကျွန်းစုမှာ တွေ့ရှိခဲ့ပါတယ်။ အလေးချိန် ၃ တန်ရှိတဲ့ ငါးအသေကောင်ကြီးဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက မြောက်အတ္တလန္တိတ်သမုဒ္ဒရာအလယ်ပိုင်းက ဖိုင်အယ်ကျွန်းနားမှာ သောင်တင်နေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကတည်းက တွေ့ရှိခဲ့တာဖြစ်ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မကြာခင်ကမှ Fish Biology စာစောင်မှာ ဖော်ပြခဲ့တာပါ။ ကမ္ဘာပေါ်က ငါးမျိုးစိတ်တွေထဲမှာ အရိုးမာငါးမျိုးစိတ် အများစုပါဝင်ပြီး အရိုးမာငါးမျိုးစိတ်ပေါင်း ၂၉၀၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ အခုတွေ့ရတဲ့ နေငါးအသေကောင်ကြီးဟာ ယခင်စံချိန်ဟောင်း (၁၉၉၆ ခုနှစ်က ဂျပန်နိုင်ငံ ကာမိုဂါဝါကျွန်း ကမ်းလွန်ဘက်မှာ တွေ့ရတဲ့ ၅၀၇၀ ပေါင် အလေးချိန်ရှိတဲ့ နေငါးအမ)ထက် ၈၈၂ ပေါင် ပိုလေးပါတယ်။

အခုတွေ့ရတဲ့ နေငါးဟာ အလျား ၁၀.၆၇ ပေ၊ အမြင့် ၁၁.၇၈ ပေ ရှိပြီး အထီး၊ အမတော့ ခွဲခြားမသိရသေးပါဘူး။ အဲဒီငါးကြီးကို ဖိုင်အယ်ကျွန်းပေါ်က သဘာဝဥယျာဉ်မှာ မြှုပ်နှံခဲ့တာပါ။

Ref: Record-breaking bony fish weighing 3 tons found

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top