အာဟာရဒါနမောင်နှမများရဲ့ မွန်မြတ်တဲ့အလှူ

အာဟာရဒါနများကို ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ အာဟာရဒါနမောင်နှမများအဖွဲ့ အရိုးရောဂါအထူးကုဆေးရုံကြီးနဲ့ အနောက်ပိုင်းဆေးရုံကြီးတို့မှာ အာဟာရဒါနလှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် မဖြူဝင်းဦးဆောင်တဲ့ အာဟာရဒါနမောင်နှမများအဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

ဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက စတင်ဖွဲ့စည်းခဲ့တာပြီး အဖွဲ့စတင်ဖွဲ့စည်းချိန်ကစလို့ အခုချိန်ထိ ဆေးရုံနှစ်ခုမှာ အကြိမ် ၃၀၀ ကျော် လှူဒါန်းပေးခဲ့ပြီးပါပြီ။ လှူဒါန်းလိုသူတွေအနေနဲ့ လူဦးရေ ၂၂၀ စာအတွက်ကို ထမင်း၊ ကြက်သား၊ ချဉ်ပေါင်ကြော်၊ ကြာဇံချက်တိုYနဲ့လှူဒါန်းမယ်ဆိုရင် ငွေကျပ် ၂၂၀,၀၀၀ ကျသင့်မှာဖြစ်ပြီး ထမင်း၊ ဘဲဥဟင်း၊ ချဉ်ပေါင်ကြော်၊ ကြာဇံချက်တို့နဲ့ လှူဒါန်းမယ်ဆိုရင်တော့ ငွေကျပ် ၁၈၀,၀၀၀ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အာဟာရဒါနမောင်နှမအဖွဲ့ကနေတဆင့် လှူဒါန်းလိုရင် 095072847, 09965072847, 09777714568 တို့ကိုဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top