မေတ္တာပွားရခြင်း ကောင်းကျိုး တစ်ဆယ့်တစ်ပါး

four-buddhas-statue-PGJH2PY.jpg

Bago, Myanmar Four Faces of Buddha at Kyaikpun Buddha.

မေတ္တာဘာဝနာကို အကြိမ်ကြိမ် အဖန်ဖန် ပွားများသူတို့ ရရှိမည့် ကောင်းကျိုး ၁၁ ပါး –

၁။ ချမ်းသာစွာ အိပ်စက်ရ၏။

၂။ ချမ်းသာစွာ န်ိုးထရ၏။

၃။ အိမ်မက်ဆိုးတို့ မမြင်မက်။

၄။ လူ၊ နတ် အပေါင်း ချစ်ခင်မြတ်နိုး၏။

၅။ နတ်တို့ စောင့်ရှောက်၏။

၆။ မီးဘေးမသင့်နိုင်။

၇။ အဆိပ်မသင့်နိုင်။

၈။ လက်နက်ဘေးရန်ကင်း၏။

၉။ စိတ်ပျံ့လွင့်ခြင်း (ရူးသွပ်ခြင်း) မရှိ၊ ပျံ့လွင့်က လျင်မြန်စွာ ပျောက်၏။

၁၀။ ရုပ်ရည်အဆင်း ကြည်လင်လှပ၏။

၁၁။ သေလွန်သော်အခါ မတွေမဝေ သေရသဖြင့် ဗြဟ္မာ့ပြည်သို့ လားရ၏။

မေတ္တာပွားရာတွင် မိမိအကျိုးစီးပွားကို လိုလားသူတို့ကိုလည်းကောင်း၊ မိမိအကျိုးစီးပွားကို မလိုလားသူတို့ကိုလည်းကောင်း၊ မိမိအကျိုးစီးပွား ဖြစ်သည် မဖြစ်သည်ကို လျစ်လျူရှုသူတို့ကိုလည်းကောင်း ထိုသူတို့၏ ကောင်းကျိုးစီးပွားကို မိမိမှ ဖြစ်စေချင်သောစိတ်ဖြင့် မေတ္တာပွားများရပေမည်။ စာရေးသူအတွက်တော့ မင်းကွန်းဆရာတော်၏ အရပ်ဆယ်မျက်နှာ မေတ္တာပို့နည်းက အာရုံပြုရသည်မှာ ပိုမိုလွယ်ကူစေသည်။

ဇာ-၁၆၉-အရကဇာတ်မှ မှီငြမ်းသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top