ပြန်လည်ပေါင်းစည်းတော့မယ့် ဗြိတိန်နာမည်ကြီး အမျိုးသမီး ပေါ့ဂီတအဖွဲ့ The Spice Girls

s.jpg

 ဗြိတိန်နာမည်ကြီး အမျိုးသမီးပေါ့ဂီတအဖွဲ့ဖြစ်တဲ့ The Spice Girls ဟာ အနုပညာစီမံကိန်း အသစ်တွေလုပ်ကိုင်နိုင်ဖို့ ပြန်လည်ပေါင်းစည်တော့မှာဖြစ်ပြီး အဖွဲ့ဝင် ၅ ဦးရှီတဲ့ The Spice Girls အတွက် တစ်ဦးကို ပေါင် ၁၀ သန်းပေးရမယ်လို့ သိရပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်းက သီချင်းဆိုမှာမဟုတ်ဘဲ အခြားအနုပညာလုပ်ငန်းတွေကို သာပူးပေါင်း ပါဝင်သွားဖွယ်ရှိနေတယ်လို့သိရပါတယ်။

Spice Girls အနုပညာလုပ်ငန်း ဆိုင်ရာ စီမံကိန်းအသစ်တွေမှာ တရုတ်နိုင်ငံ ရုပ်သံပရောဂျက်များ၊ တီဗီအစီအစဉ်များ၊ သူတို့အဖွဲ့ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းတွေစုစည်းပြီး အယ်လ်ဘမ်အသစ်ထုတ်ဖို့ ၊ ကြော်ငြာ အစီအစဉ်များ နဲ့တခြား အနုပညာလုပ်ငန်း အစီစဉ်တွေကို အတူတကွလုပ်ကိုင်သွားမှာဖြစ်ပါတယ်။

The Spice Girls အဖွဲ့ဝင်တွေ ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ က ပြန်လည်ပေါင်းစည်းရေးအတွက်ဆွေေးနွးခဲ့ပြီး အဲဒီတွေဆုံမှု ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အခန်းတစ်ခန်းထဲမှာ ငါးဦးအတူ ပထမ ဆုံးအကြိမ် တွေဆုံတာလည်းဖြစ်ပါတယ်။ The Spice Girls အဖွဲ့မှာ ဗစ်တိုးရီးယားဘက်ခမ်း အပြင် မယ်လာနီချီဆိုလ် (စပေါ့တီစပိုက်)၊ အမ်မာဘက်တန် (ဘေဘီစပိုက်) ဂါရီဟာလီဝဲလ် ( ဂျင်ဂျာစပိုက်) မယ်လာနီဘရောင်း၊ (စကယ်ရီစပိုက်)၊တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စပိုက်ဂဲလ် ( Spice Girls) အဖွဲ့ ကို ၁၉၉၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဂီတလောကရဲ့ ကြီးမားတဲ့ အမျိုးသမီး ဂီတအဖွဲ့တွေထဲမှာ တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့ရဲ့ ပထမဆုံးတေးအယ်ဘမ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ဂီတသမိုင်းရဲ့ အမျိုးသမီး ဂီတအုပ်စုတွေထဲမှာ ရောင်းအားအကောင်းဆုံးတေးအယ်ဘမ်ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့သော ၂၀၀၀ ခုနှစ်ကတည်းက ပရိသတ်များနှင့်အချိန်အတော် ကြာအောင် ကင်းကွာနေခဲ့ပြီး လွန်ခဲ့သော ၂၀၁၂ ခုနှစ်က နောက်ဆုံးအနေဖြင့် အဖွဲ့လိုက် ဖျော်ဖြေခဲ့ကြပါတယ်။ Wannabe နဲ့ 2 Become 1, သီချင်း ဟာ လူကြိက်များပြီးအောင်မြင်တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။ စပိုက်ဂဲလ် ( Spice Girls) အဖွဲ့ အဖွဲ့ဝင်တွေ ဟာ ကိုယ်ပိုင် ဂီတသမားအဖြစ် ရပ်တည်လိုတာကြောင့် ၂၀၀၀ ခုနှစ်မှာ အဖွဲ့ ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့်အဖွဲ့ဝင်တွေ ဟာ အဖွဲ့ကိုဖျက်သိမ်းပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ် ဖျော်ဖြေပွဲအစီစဉ်မှာ အတူ ပေါင်းစည်းနိုင်ခဲ့သလို ၂၀၁၂ ခုနှစ်မှာတစ်ကြိမ် ပေါင်းစည်းဖျော်ဖြေမှုတွေလုပ်ခဲ့ဖူးပါတယ်။

Ref: Stop right now! Spice Girls to reunite for RM55.3mil each

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top