ဟန်းနီးမွန်းခရီးမှာ မီးလောင်နေတဲ့ ကလေးထိန်းစင်တာထဲမှ ကလေးတွေကို ကယ်တင်ပေးနိုင်ခဲ့တဲ့ ဇနီးမောင်နှံ

14-10-2022-yyl-09.jpg

စပိန်ကို ဟန်းနီးမွန်းထွက်ချိန်မှာ မီးလောင်နေတဲ့ ကလေးထိန်းကျောင်းထဲက ကလေးတွေကို ကယ်တင်ပေးနိုင်ခဲ့လို့ အမေရိကန် ဇနီးမောင်နှံနှစ်ယောက်ဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။ ဒိုရန်စမစ်နဲ့ ဒေးဗစ်စကွဲလန့်တို့ဟာ ဘာစီလိုနာမြို့ထဲ လျောက်လည်နေချိန်မှာ အမျိုးသမီးတစ်စု ပြာယာခပ်နေတာကို သတိထားမိခဲ့ကြတာပါ။

” အမျိုးသမီးတွေ ထွက်လာတဲ့ တံခါးဘေးကပ်လျက် ဝင်ပေါက်မှာ မီးတောက်နေတာ တွေ့တာပါ” လို့ ဒေးဗစ်က ဆိုပါတယ်။ ဒေးဗစ်က ကလေးထိန်းစင်တာထဲ ပြေးဝင်သွားချိန်မှာ ဘယ်သူမှ အင်္ဂလိပ်စကား မပြောတာ သတိထားမိခဲ့ပါတယ်။ ” အိပ်ပျော်နေတဲ့ ကလေး ၁၅ ယောက်၊ အယောက် ၂၀ လောက် တွေ့တယ်။ လူတွေက တန်းစီပြီး ကလေးတွေကို ဆွဲခေါ်နေတယ်။ သူတို့ကို ပုခက်ထဲထည့်ကြတယ်” လို့ သူက ဆိုပါတယ်။

ကလေးတွေကို ပုခက်ထဲထည့်ပြီး လမ်းတစ်ဖက်ခြမ်းက အထက်တန်းကျောင်း ဧည့်ခန်းမဆောင်ဆီ ပို့ခဲ့ကြတာပါ။ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး မီးသတ်သမားတွေ ရောက်လာချိန်မှာတော့ သူတို့လင်မယားက ကလေးထိန်းစင်တာထဲကနေ ထွက်လာကြပြီး သူတို့အစီအစဉ်အတိုင်း ဟန်းနီးမွန်းခရီး ဆက်သွားခဲ့ကြပါတယ်။

Ref: American Couple Saves Babies From Burning Nursery While On Honeymoon In Spain

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top