American Girl အရုပ်ကုမ္ပဏီက ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အရုပ်တွေအတွက် ခွဲစိပ်ခန်းဝတ်စုံတွေ သီးသန့်ထုတ်လုပ်

16-6-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုက အခုချိန်ထိ မပြီးဆုံးသေးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေက COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေကြရတုန်းပါပဲ။ အခုဆိုရင် American Girl ကုမ္ပဏီက ထုတ်လုပ်တဲ့အရုပ်တွေကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ပုံစံတူဖြစ်အောင် အရုပ်အင်္ကျီတွေကို သီးသန့်ထုတ်လုပ်ကာ ဂုဏ်ပြုပေးနေပါတယ်။ American Girl ကုမ္ပဏီက အရုပ်၊ လူနဲ့အရုပ်တွေအတွက် အဝတ်အထည်၊ ပရိဘောဂပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီဖြစ်ပါတယ်။ American Girl က #ThankYouHeroes ဆိုတဲ့နာမည်နဲ့ ကျန်းမာရေးဝန်ထမ်းအရုပ်ဝတ်စုံလေးတွေကို သီးသန့်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းအရုပ်တွေရဲ့ဝတ်စုံတွေကို အကန့်အသတ်နဲ့ ထုတ်ထားတာဖြစ်ပြီး အကန့်အသတ်နဲ့ ထုတ်ထားတဲ့ဝတ်စုံတွေကတော့ ဘယ်လို American Girl Doll အရုပ်မျိုးနဲ့မဆို လိုက်ဖက်တဲ့ ခွဲစိပ်ခန်းဝတ်ဘောင်းဘီပန်းရောင်၊ ရောင်စုံအင်္ကျီ၊ ဖိနပ်၊ ချည်သားပါးစပ်နှာခေါင်းစည်းတို့ပဲဖြစ်ပါတယ်။ “American Girl ကုမ္ပဏီမှာ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စိတ်ကူးစိတ်သန်းတွေနဲ့ အမြဲဂုဏ်ပြုပေးနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီဖို့အတွက် အဓိကကဏ္ဍမှာ တာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားဟီးရိုးတွေကို ဂုဏ်ပြုရတာ ဂုဏ်ယူမိပါတယ်”လို့ American Girl ရဲ့အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

သီးသန့်ထုတ်လုပ်ထားတဲ့ American Girl အရုပ်ဝတ်စုံတစ်ခုချင်းစီ ရောင်းချရပြီးဆိုရင် American Girl က အရုပ်ဆက်တဲ့စာအုပ်တွေကို the First Responders Children’s Foundation ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ “First Responders Children’s Foundation နဲ့ လက်တွဲလုပ်ရတာက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကလေးတွေကို ပံ့ပိုးပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။ American Girl က ရှေ့တန်းကနေ ရောဂါကိုတွန်းလှန်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း ဂုဏ်ပြုပေးနေတဲ့၊ ပရဟိတလည်း အကျိုးရှိမယ့် Mattel ကုမ္ပဏီရဲ့ #ThankYouHeroes ပရိုဂရမ်မှာ ပါဝင်ခဲ့တာပါ။ အရုပ်အတွက် American Girl #ThankYouHeroes ခွဲစိပ်ခန်းဝတ်စုံကို (၂၄) ဒေါ်လာ နဲ့ ရောင်းချမှာဖြစ်ပြီး American Girl ဝက်ဆိုက်မှာ ကြိုတင်မှာယူလို့ရပါပြီ။ ၂၀၂ဝပြည့်နှစ် သြဂုတ်လမှာ ပစ္စည်းကို သင်္ဘောနဲ့ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ရတယ်လို့ သိရပါတယ်။

Ref: American Girl honors health care workers with new scrubs doll outfit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top