ခြေမဒဏ်ရာရနေပြီး ပွဲလတ်(၂)ပွဲ ရှုံးနိမ့်နေရာကနေ ပြန်အနိုင်ယူပြခဲ့တဲ့ အန်ဒီမာရေး

hotsports04.jpg

တင်ပါးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရလို့ လ(၂၀)ကြာ ကာလအတွင်း ဂရင်းစလင်းပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ရတဲ့ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ ယူအက်စ်အိုးပင်း အဖွင့်ပွဲစဉ်မှာ ပွဲလတ်(၂)ပွဲပြတ် ရှုံးနိမ့်နေရာကနေ နောက်ဆုံးပွဲလတ်(၃)ပွဲ ဆက်တိုက် အနိုင်ယူပြီး ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နယူးယော့ခ်မြို့မှာ ကွန်ကရစ်တုံးနဲ့ တိုက်မိလို့ ခြေမဒဏ်ရာရနေတဲ့ အန်ဒီမာရေးဟာ ဂျပန်တင်းနစ်သမား နီရှီအိုကာနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး (၅)နာရီနီးပါး ကြာမြင့်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ အန်ဒီမာရေးက ၄-၆၊ ၄-၆၊ ၇-၆၊ ၇-၆၊ ၆-၄ နဲ့ အနိုင်ရခဲ့တာပါ။

နီရှီအိုကာကို အနိုင်ရခဲ့တဲ့ အခုပွဲစဉ်ဟာ အန်ဒီမာရေးအတွက် လွန်ခဲ့တဲ့ ၈ နှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဂရင်းစလင်းဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ပွဲစဉ်လိုမျိုး အံ့အားသင့်ဖွယ် စွမ်းဆောင်မှုဖြစ်ခဲ့ပါတယ်။ ဒီပွဲဟာ အန်ဒီမာရေးဟာ တင်းနစ်သမားဘဝတစ်လျှောက် ပွဲလတ်(၂)ပွဲ ရှုံးနိမ့်နေရာကနေ ပြန်အနိုင်ယူပြနိုင်တဲ့ (၁၀)ပွဲမြောက် ပွဲစဉ်ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top