မင်္ဂလာသက်တမ်း ၂ နှစ်အကြာမှာ ခင်ပွန်းဖြစ်သူ နဲ့ ကွာရှင်းပြတ်စဲလိုက်တဲ့ အာရီယာနာ ဂရန်ဒီ

18.7.23-yyl-1.jpg

အဆိုတော် အာရီယာနာ ဂရန်ဒီဟာ သူ့ခင်ပွန်းဖြစ်သူ ဒယ်လ်တန် ဂိုမက်ဇ်နဲ့ ကွာရှင်းပြတ်စဲလိုက်ကြပြီလို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သူတို့ ၂ ဦးနဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ်အရ အာရီယာနာတို့ဟာ ဇန်နဝါရီ ကတည်းက ပြတ်စဲခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ အခင်အမင်မပျက်ဘဲ နေကြတုန်းပါပဲလို့ သိရပါတယ်။ “သူတို့အတူတူ ဆုံးဖြတ်ချက်ချဖို့ဖြစ်လာခဲ့တယ်။ ဇန်နဝါရီမတိုင်ခင်က ပြဿနာတွေ ရှိနေခဲ့တယ်။ ဒါပေမဲ့ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ဆက်ရှိနေစေချင်ကြပါတယ်”လို့ အတွင်းလူတစ်ဦးက ဆိုပါတယ်။

ဒယ်လ်တန်က သူတို့ရဲ့ဆက်ဆံရေးကို မပြတ်စဲချင်လို့ ကြိုးစားတဲ့အနေနဲ့ လန်ဒန်က ဂရန်ဒီရဲ့ Wicked သီချင်း ရိုက်ကွင်းဆီ အလည်သွားခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

အာရီယာနာ ဂရန်ဒီနဲ့ ဒယ်လ်တန် ဂိုမက်ဇ်တို့ဟာ ၂၀၂၀ ဇန်နဝါရီမှာ တွဲခဲ့ကြပြီး ၂၀၂၀ ဒီဇင်ဘာ ၂၀ မှာ စေ့စပ်ခဲ့ကြကာ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။

Ref: Ariana Grande, husband Dalton Gomez are divorcing after 2 years of marriage

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top