အသက်ရှုလိုက်ရင် Marauder’s Map ပေါ်လာတဲ့ ဟယ်ရီပေါ်တာ Mask ကို ဖန်တီးခဲ့သူ

20-5-2020-yyl-006.jpg

အမေရိကန်နိုင်ငံက ပညာရှင်တစ်ယောက်က တခြားသူတွေထက် ပိုပြီးထူးခြားတဲ့ Mask တွေကို ဖန်တီးလို့နေပါတယ်။ သူ ဖန်တီးတဲ့ Mask က အသုံးပြုတဲ့သူဟာ အသက်ရှုထုတ်လိုက်တာနဲ့ Mask မှာ ဟယ်ရီပေါ်တာဇာတ်ကားထဲက Marauder’s Map ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ Mask ကို ဖန်တီးခဲ့သူက စတီဖန်နီ ဟုခ်ဖြစ်ပြီး မကြာသေးခင်ကမှ သူ့ရဲ့မှော်ဆန်တဲ့mask တွေကို Tik Tok ဗီဒီယိုကနေ ပြခဲ့ပါတယ်။ အခုဆိုရင် အဲဒီMask က ကမ္ဘာတစ်ဝှမ်းမှ ဟယ်ရီပေါ်တာပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။

စတီဖန်နီက သူ့ရဲ့ ကုမ္ပဏီ CPEX ကနေ လက်လုပ်ပစ္စည်းတွေကို ရောင်းချနေတဲ့သူဖြစ်ပြီး လက်တွေ့ကမ္ဘာကြီးကို မှော်အစွမ်းတွေ ယူဆောင်လာသလို ဖြစ်စေချင်တဲ့အပြင် အခြားသူတွေကိုလည်း ဖန်တီးလိုစိတ်ရှိလာအောင် တွန်းအားပေးချင်တဲ့အနေနဲ့ ဒီmask ကို ပြုလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ Mask ကို မဝတ်ခင် ဒီအတိုင်းကြည့်လိုက်ရင် အနက်ရောင်Maskတစ်ခုပါပဲ။ ဒါပေမဲ့ မျက်နှာမှာ Mask ကိုတပ်လိုက်ပြီး အသက်ရှုလိုက်တဲ့အခါမှာ Marauder’s Map က တဖြည်းဖြည်း ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။

စတီဖင်နီက သူ့အလုပ်နဲ့ပတ်သက်ပြီး ” ကျွန်မရဲ့ပစ္စည်းတွေကို ဖန်တီးတဲ့နေရာမှာ စိတ်ကူးဉာဏ်ကွန်မြူဖို့ ကြိုးစားပါတယ်။ အဲဒါတွေက ရှုထောင့်တစ်ခုတည်းကနေကြည့်ရတဲ့ ပစ္စည်းတွေမဟုတ်စေချင်တဲ့အတွက်ကြောင့်ပါ။ သာမန်လူတစ်ယောက်ကို ထူးခြားတဲ့ပစ္စည်းတွေပိုင်ဆိုင်ခွင့်ပေးရတာကို ကြိုက်ပါတယ်။ အခြားသူတွေကိုလည်း ဖန်တီးစိတ်ရှိစေချင်တဲ့မျှော်လင့်ချက်နဲ့ပါ

“လို့ ပြောပါတယ်။ Mask တွေက ဆေးဘက်ဆိုင်ရာသုံးမဟုတ်ပေမဲ့ Center for Disease Control က လမ်းညွှန်ပေးထားတဲ့အတိုင်း ဖန်တီးထားတာဖြစ်ပါတယ်။ “ဒီ mask က N95 နဲ့ ခွဲစိပ်ခန်းသုံး mask တွေလို PPE တွေနေရာမှာအစားထိုးလို့မရပါဘူး။ ဗိုင်းရပ်စ်ကို ကာကွယ်မပေးနိုင်ပါဘူး။ ကောင်းကောင်းအသုံးပြုချင်ရင် CDC ရဲ့ လမ်းညျွန်ချက်အတိုင်း လိုက်နာပေးပါ။ ဒီ mask က ဟယ်ရီပေါ်တာပရိသတ်တွေအတွက်၊ ဝါသနာပါတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ” လို့ စတီဖန်နီက သူ့ဝက်ဘ်ဆိုက်မှာ ပြောထားပါတယ်။

စတီဖန်နီက ပစ္စည်းတွေကို အရင်ဆုံး နာမူနာဖန်တီးလေ့ရှိပါတယ်။ သူ TikTok ဗီဒီယိုက mask ရဲ့နာမူနာဖြစ်ပါတယ်။ “ကျွန်မ မျှဝေခဲ့တဲ့ ဗီဒီယိုက နမူနာပါ။ ပရိသတ်တွေကို မြန်မြန်ပြချင်တဲ့အတွက် တင်ခဲ့တာပါ။ ဒါကို ပရိသတ်တွေ စိတ်ဝင်စားခဲ့မယ်လို့ မထင်ခဲ့မိဘူး” လို့ သူက ပြောပါတယ်။ Mask တစ်ခုကို ဖန်တီးဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲဆိုတာကို “အစကနေအဆုံးထိ အထည်ဖြတ်တာ၊ အထည်ကို ပြုပြင်တာ၊ အထည်ကို အသားကျဖို့စောင့်ဆိုင်းရတာ၊ တစ်ခါသုံး mask နဲ့ အတူတူချုပ်တာတွေအထိ mask တစ်ခုကို (၁၇) နာရီကြာပါတယ်” လို့ ရှင်းပြပါတယ်။ ပြုလုပ်နည်းအသေးစိတ်ကိုတော့ ရှင်းလင်းပြောပြထားခြင်းမရှိပါဘူး။ စတီဖင်နီက Mask တွေကို အရွယ်အစားအမျိုးမျိုးထုတ်ပြီး အကန့်အသတ်နဲ့ ရောင်းသွားမှာဖြစ်ပြီး မေလ ၂၉ ရက်နေ့မှာ သူ့ဝက်ဘ်ဆိုက်ကနေ ဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 ဗီဒီယိုကြည့်ရန် 

Ref: Artist Creates Harry Potter Face Masks That Show Marauder’s Map When You Breathe

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top