BaobaBed Hostels ကို ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တွေအတွက် အချိန်အကန့်အသတ်မရှိ အသုံးပြုခွင့်ပေး

12-10-2020-yyl-015.jpg

ရန်ကုန် အောက်တိုဘာ ၁၂

ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေရေးထိုင်ရေးအဆင်ပြေစေရန် အတွက် BaobaBed Hostels တစ်ခုလုံးကို အသုံးပြုခွင့်ပေးထားတယ်လို့ ဟိုတယ်ပိုင်ရှင် ကိုအောင်ဝင်းချန်က ရိုးရာလေးကို ပြောပါတယ်။

အခုလိုအသုံးပြုခွင့်ပေးရာမှာ အချိန်အကန့်အသတ်မရှိဘဲ လိုအပ်တဲ့အချိန်အထိ ဆက်လက်အသုံးပြုခွင့် ပေးသွားမှာဖြစ်တဲ့အပြင် အသုံးပြုသူတွေအတွက် စားရေးသောက်ရေးကအစ အပြည့်အဝတာဝန်ယူသွားမှာဖြစ်တယ် လို့ သူက ဆိုပါတယ်။

”စားတာ၊ သောက်တာကအစ အကုန်လုံးကို တာဝန်ယူပြီး လှူပေးတာဖြစ်ပါတယ်။ သူတို့ကို ဝန်ဆောင်မှု ပေးတဲ့ ဝန်ထမ်းတွေကတော့ Nine Covid Team အဖွဲ့ကနေ စေတနာ့ဝန်ထမ်းသုံးဦး ပံ့ပိုးပေးထားတာပါ”လို့ ကိုအောင်ဝင်းချန်က ပြောပါတယ်။

ရန်ကုန်၊ လသာမြို့နယ်၊ ၁၉ လမ်း(အောက်ဘလောက်)မှာရှိတဲ့ BaobaBed Hostels တစ်ခုလုံးကို စက်တင်ဘာ ၂၄ ရက်ကတည်းက စတင်အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပြီးတော့ ဆရာဝန် ၂၀ ကျော်နေထိုင် အသုံးပြုခဲ့ ကြတာဖြစ်ပါတယ်။

COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရာမှာ ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေက အရေးကြီးတဲ့အတွက် သူတို့တွေ စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်လုပ်နိုင်ဖို့ရည်ရွယ် ပြီးတော့ အခုလိုကူညီခဲ့တာလို့ ကိုအောင်ဝင်းချန်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ BaobaBed Hostels (၅)ခုရှိတဲ့အနက် လက်ရှိမှာတော့ ရန်ကုန်မှာရှိတဲ့ ဟိုတယ်ကို အသုံးပြုခွင့်ပေးထားတာဖြစ်တဲ့အပြင် ထပ်မံလိုအပ်လာပါကလည်း ကျန်တဲ့ဟိုတယ်(၂)ခုကိုပါ အသုံးပြုခွင့်ပေးသွား မယ်လို့ သူက အသိပေးပြောကြားလိုက်ပါတယ်။

Photo – BaobaBed Hostel

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top