ဘာစီလိုနာအတွက် ကစားခွင့်ရရင် အရမ်းကောင်းမယ်လို့ ဒီဘားလား ပြော

9-6-2020-yyl-008.jpg

ဘာစီလိုနာအတွက် ကစားခွင့်ရရင် အရမ်းကောင်းလိမ့်မယ်လို့ ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘားလားက ပြောပါတယ်။ အသက် ၂၆ နှစ်ရှိတဲ့ အာဂျင်တီးနားကြယ်ပွင့် ဒီဘားလားဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ပွဲစဉ် ၃၄ ပွဲ ကစားရာမှာ ၁၃ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒီဘားလားနဲ့ ဂျူဗင်တပ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိပေမဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖွယ်ရှိနေချိန်မှာ အခုလို ပြောခဲ့တာပါ။ အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့တွဲကစားခွင့်ရတာ အရမ်းကောင်း လိမ့်မယ်လို့ ဒီဘားလားက ဆိုပါတယ်။

” ဘာစီလိုနာက ကမ္ဘာကျော် အသင်းကြီးတစ်သင်းပါ။ မက်ဆီပါရှိနေတဲ့ သူတို့အသင်းက ပိုကြီးကျယ်ခမ်းနားနေတာ အမှန်ပါပဲ။ ဘာစီလိုနာမှာ ကစားရရင် အရမ်းကောင်းမှာပါ။ ဒါပေမဲ့ ဂျူဗင်တပ်ကလည်း သမိုင်းအစဉ်အလာကြီးမားတဲ့ အံ့အားသင့်စရာ အသင်းကြီးတစ်သင်းပါ။ ဂျူဗင်တပ်မှာလည်း ထိပ်တန်းကစားသမားတွေရှိပါတယ်။ အသင်းနှစ်သင်း ခွဲကစားနိုင် လောက်တဲ့ အရည်အသွေးမျိုးရှိပါတယ်။ ဂျူဗင်တပ်ကို ပိုကြီးကျယ်အောင် လုပ်ပေးတဲ့ ဘူဖွန်၊ ရော်နယ်ဒိုတို့နဲ့ တွဲကစားခွင့်လည်း ရှိပါတယ်”လို့ ဒီဘားမားက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top