ချစ်သူသက်တမ်း(၁) နှစ်နီးပါးအကြာမှာ ပြတ်ဆဲခဲ့ကြတဲ့ ဘင်အက်ဖလက်ခ်တို့စုံတွဲ

20-1-2021-yyl-14.jpg

လင်းနို့လူသားအဖြစ် လူသိများတဲ့ ဟောလိဝုဒ်မင်းသား ဘင်အက်ဖလက်ခ် (Ben Affleck) ဟာ သူ့ချစ်သူကောင်မလေး မင်းသမီး အီနာ ဒီ အာမက်စ် (Ana de Armas) နဲ့ ချစ်သူသက်တမ်း (၁) နှစ်နီးပါးအကြာမှာ လမ်းခွဲလိုက်ပါတယ်။ သူတို့စုံတွဲဟာ Deep Water ဇာတ်ကားရိုက်ကူးရင်းနဲ့ ချစ်ကြိုက်ခဲ့ကြပြီး ၂၀၂၀ခုနှစ် အစောပိုင်းမှာ ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုခဲ့ကြတာပါ။

သူတို့စုံတွဲ လမ်းခွဲလိုက်တယ်ဆိုတာကို Source တစ်ခုက အခုလိုပဲ ပြောထားပါတယ်။ “ဘင်က အီနာနဲ့ မတွဲတော့ပါဘူး။ လမ်းခွဲလိုက်ပါပြီ။ သူတို့ရဲ့ဆက်ဆံရေးက ရှုပ်ထွေးတယ်။ အီနာက လော့စ်အိန်ဂျယ်လိစ်မြို့မှာ မနေချင်ဘူး။ ဘင်ကတော့ သူ့ရဲ့ကလေးတွေ လော့စ်အိန်ဂျယ်လိစ်မှာ နေထိုင်နေကတည်းက အဲဒီမှာပဲ ရှိချင်ခဲ့တာ” လို့ ပြောပါတယ်။

“ဒါကတော့ ချစ်ချစ်ခင်ခင်နဲ့ အပြန်အလှန်နှစ်ဦးနှစ်ဘက် နားလည်မှုယူရမယ့်အရာပါ။ သူတို့က မတူကြတာများတယ်။ ချစ်ခြင်းမေတ္တာနက်ရှိုင်းတာ၊ လေးစားတာတော့ရှိပါတယ်။ ဘင်က သူကိုယ်တိုင် အလုပ်ဆက်လုပ်ချင်တယ်။ ချိတ်ထားတဲ့ အလုပ် (၃) ခု ရှိတယ်။ သူတို့ နေထိုင်နေတဲ့ဘဝမှာ ပျော်ရွှင်နေခဲ့ကြတာပါပဲ”လို့ အခြား Source က ပြောပါတယ်။ အီနာက ဘင်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ဆံပင်ပုံစံအသစ်ပြောင်းလဲခဲ့တဲ့အပြင် ဘင်ကလည်း သူ့ရဲ့အိမ်ရှေ့အမှိုက်ပုံထဲ အီနာရဲ့ရုပ်ပုံကားချပ်ကြီးကို လွှင့်ပစ်ထားတယ်လို့သတင်းတွေအရ သိရပါတယ်။

ကျူးဘားနိုင်ငံကို ခရီးအတူတူထွက်ခဲ့ကြတဲ့ ၂၀၂၀ခုနှစ် မတ်လကတည်းက ဘင်နဲ့ အီနာတို့ တွဲနေခဲ့ကြတာပါ။ အီနာရဲ့ ၃၂ နှစ်ပြည့်မွေးနေ့မှာ အတူတူရှိနေတဲ့ သူတို့ရဲ့ပုံတွေကို အင်စတာဂရမ်မှာလည်း မျှဝေခဲ့ပါသေးတယ်။ သူတို့လမ်းမခွဲခင် ဘင်နဲ့ သူ့ရဲ့ကလေးတွေနဲ့အတူ အီနာက အချိန်ကုန်ဆုံးနေခဲ့ကြတာပါ။ ဘင်က ဇနီးဟောင်းမင်းသမီး ဂျနီဖာ ဂါနာ (Jennifer Garner) နဲ့ရထားတဲ့ ကလေး (၃) ဦးရှိပါတယ်။

Ref: Ben Affleck, Ana de Armas call it quits
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top