Pfizer- BioNTech ကာကွယ်ဆေးက ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ်ကို ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိ

21-1-2021-yyl-04.jpg

ဗြိတိန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ်ကို Pfizer- BioNTech ကာကွယ်ဆေးက ကာကွယ်ပေးနိုင်တယ်လို့ ဓာတ်ခွဲခန်းအခြေပြု လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

Pfizer- BioNTech ကာကွယ်ဆေး ထိုးထားသူတွေရဲ့ သွေးထဲက ပဋိပစ္စည်းဟာ B.1.1.7 လို့ အမည်ပေးထားတဲ့ မျိုးဗီဇသစ်ရဲ့ မျိုးဗီဇပြောင်းလဲမှုတွေကို တိုက်ဖျက်ချေမှုန်းနိုင်စွမ်းရှိကြောင်း BioNTech ကုမ္ပဏီတွေရဲ့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်ပြွန်ထဲကို ကိုဗစ်-၁၉ မျိုးဗီဇသစ်ထည့်၊ ကာကွယ်ဆေး ထိုးထားသူတွေရဲ့ သွေးကို ထည့်ပြီး လေ့လာရာမှာ အခုလို တွေ့ရှိခဲ့တာပါ။

Ref: Financial Times ” BioNTech/Pfizer vaccine found effective against Covid-19 variant “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top