နာမည်ကြီးကေပေါ့ပ်အဖွဲ့ BLACKPINK ကို ၂၀၂၂ ခုနှစ်ရဲ့ Entertainer Of The Year အဖြစ် Time မဂ္ဂဇင်းက ရွေးချယ်

6-12-2022-yyl-08.jpg

Time မဂ္ဂဇင်းက နာမည်ကြီးကေပေါ့ပ်အဖွဲ့ BLACKPINK နဲ့ အဲဒီအဖွဲ့ရဲ့အဖွဲ့ဝင် (၄) ဦးရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၂ ခုနှစ်ရဲ့ “Entertainer of the Year”အဖြစ် ရွေးချယ်ခဲ့ပါတယ်။

Time မဂ္ဂဇင်းက BLACKPINK အဖွဲ့ကို “”Entertainer of the Year”အဖြစ် ရွေးချယ်လိုက်တယ်ဆိုတာကို အဲဒီအဖွဲ့ရဲ့အောင်မြင်မှုတွေအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့အတူ ကြေညာခဲ့တာပါ။ ပုံစံအမျိုးမျိုးနဲ့ရိုက်ထားတဲ့ BLACKPINK အဖွဲ့ဝင် (၄) ဦးရဲ့ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။

“BLACKPINK” အဖွဲ့က အဖွဲ့ဝင်တွေဖြစ်တဲ့ Jisoo၊ Jennie၊ Rose၊ Lisa တို့ကို သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးနဲ့ တစ်ကိုယ်တော်ကြယ်ပွင့်တွေဖြစ်ဖို့ ခွင့်ပြုရင်းနဲ့ ကမ္ဘာပေါ်မှာအကြီးဆုံးမိန်းကလေးအဖွဲ့ဖြစ်လာဖို့ ဦးတည်နေပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့အောင်မြင်မှုက အခြားပေါ့ပ်အဖွဲ့တွေရဲ့ပေါင်းစပ်ကြိုးစားမှုထက် ကြီးမားပါတယ်”လို့လည်း Time မဂ္ဂဇင်းက ရေးသားထားပါတယ်။

အခုဆို BLACKPINK အဖွဲ့က သမိုင်းတစ်လျှောက်မှာ “Entertainer Of The Year” အဖြစ်ရွေးချယ်ခံရတဲ့ ဒုတိယမြောက်ကေပေါ့ပ်အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က BTS အဖွဲ့လည်း Time မဂ္ဂဇင်းရဲ့ “Entertainers Of The Year” အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

BLACKPINK အဖွဲ့က Born Pink ဆိုတဲ့ ဒုတိယမြောက်စတူဒီယိုအယ်လ်ဘမ်ကို စက်တင်ဘာလကမှ ထွက်ရှိထားပါတယ်။ လက်ရှိမှာတော့ သူတို့အဖွဲ့က ဥရောပနဲ့အာရှတွေမှာ Born Pink ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ဆက်လက်ကျင်းပနေပါတယ်။

အမိုက်စားကောင်မလေး (၄) ဦးနဲ့ ဖွဲ့စည်းထားတဲ့ BLACKPINK အဖွဲ့က အဖွဲ့လိုက်အနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ အောင်မြင်မှုတွေရရှိထားပါတယ်။

Ref: Koreaboo & Allkpop “BLACKPINK Is Officially TIME’s “2022 Entertainer Of The Year””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top