ကောလိပ်ကနေ ဘွဲ့ ၅ ခုရရှိခဲ့တဲ့ ၁၂ နှစ်သားလေး

31.5.2023-yyl-1.jpg

ပြီးခဲ့တဲ့အပတ်က အသက် ၁၂ နှစ်အရွယ် ကလိုဗစ် ဟုန်ဆိုတဲ့ ကောင်လေးဟာ Fullerton College ကနေ ဘွဲ့ ၅ ခု ရယူခဲ့ပါတယ်။ သူဟာ အဲ့ဒီကောလိပ်မှာ ဘွဲ့ရခဲ့တဲ့ အငယ်ဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ကလိုဗစ်ဟာ ၂၀၂၀ ခုနှစ်၊ သူ့အသက် ၉ နှစ်မှာ ကောလိပ်စတတ်ခဲ့တာပါ။ သူ့အမေက သူ ရည်မှန်းချက်ကြီးပြီး စိတ်ဓာတ်တက်ကြွတာကို သိပြီး ကောလိပ်တက်ခွင့်ပြုခဲ့တာပါ။

Fullerton College က ကလိုဗစ်ကို “Special Admit Program” နဲ့ ကမ်းလှမ်းခဲ့တာပါ။ ကလိုဗစ်က အိမ်မှာပဲ သူ့အမေ သင်ကြားပေးခဲ့တဲ့ အထက်တန်းသင်ရိုးညွှန်းတမ်းကို ပြီးမြောက်အောင်လည်း လုပ်ခဲ့ပါတယ်။ အစက ကလိုဗစ်ဟာ ကောလိပ်မှာ လူကိုယ်တိုင်သွားတက်ရတာ စိုးရိမ်မိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကောလိပ်ဘဝကို နှစ်သက်သွားခဲ့တယ်။ သူ့ရဲ့ပါမောက္ခတွေကလည်း အသက်ကွာခြားမှုကြောင့် သူ့ရဲ့အတန်းဖော်တွေနဲ့ အဆင်မပြေမှာကို စိတ်ပူမိခဲ့တယ်။ ဒါပေမဲ့ အတန်းဖော်တွေက သူ့ကို ကောင်းကောင်းဂရုစိုက်ကြပါတယ်။

မေလ ၂၀ ရက်နေ့မှာ အခြားဘွဲ့ရ ၉၀၀ နဲ့အတူ ဘွဲ့ရယူခဲ့တဲ့ ကလိုဗစ်က History၊ Social Sciences၊ Social Behavior and Self-Development၊ Arts and Human Expression နဲ့ Science and Mathematics တွေနဲ့ တွဲဖက်ဝိဇ္ဇာဘွဲ့ (၅) ခုကို ရရှိခဲ့တာပါ။ သူက အသက် ၁၃ နှစ်အရွယ် ဂျက်ခ် ရီကို ဘွဲ့ ၄ ခုရှိတာကို သိပြီး Fullerton College တက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူက ပညာရေးအောင်မြင်မှုတွေအပြင် အခြားအရာတွေမှာလည်း အောင်မြင်မှုရဖို့ မျှော်လင့်ထားပါတယ်။ ကလိုဗစ်ရဲ့အသက်မွေးဝမ်းကျောင်းရည်မှန်းချက်တွေမှာ အာကာသအင်ဂျင်နီယာဖြစ်ချင်တာ၊ လေယာဉ်မှူးဖြစ်ချင်တာ၊ ကလေးအထူးကုဆရာဝန်ဖြစ်ချင်တာတွေပါဝင်ပါတယ်။ “အခုအထိ ကျွန်တော်ပြီးမြောက်ခဲ့တဲ့အရာအတွက် အရမ်းဂုဏ်ယူမိတယ်။ ကျွန်တော် Civic Air Patrol မှာလည်း ပါဝင်ခဲ့ပြီး အသက် ၁၆ နှစ်မှာ လေယာဉ်မှူးလိုင်စင်ရဖို့ မျှော်လင့်တယ်”လို့ ကလိုဗစ်က ဆိုထားပါတယ်။

Ref: California boy, 12, graduates from college — with 5 degrees

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top