“Thor” ဇာတ်ကောင်အဖြစ် ကနေ အနားယူလိုက်ဖို့ အစီစဉ်မရှိဘူး ဆိုတဲ့ ခရစ်ဟမ်းစ်ဝါ့သ်

28-6-2022-yyl05.jpg

တချို့မင်းသား၊ မင်းသမီးတွေက သူတို့ကို နာမည်တစ်လုံးနဲ့ရပ်တည်နိုင်အောင် လုပ်ပေးခဲ့တဲ့ ဇာတ်ကောင်ကို ဆက်ပြီး သရုပ်မဆောင်တော့တာများပါတယ်။ Marvel ဟီးရိုးဇာတ်ကောင် “Thor” အဖြစ် သရုပ်ဆောင်တဲ့ ခရစ်ဟမ်းစ်ဝါ့သ်ကတော့ အဲဒီဇာတ်ကောင်ကို ဆက်ပြီး သရုပ်ဆောင်နေဦးမှာပါ။

ခရစ်ဟမ်းစ်ဝါ့သ်က “Thor” ဇာတ်ကောင်ကို သရုပ်ဆောင်ရတာ ပျော်ရတဲ့အတွက် အဲဒီဇာတ်ကောင်အဖြစ်ကနေ အနားယူလိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။ ဇူလိုင်လထဲ ရုံတင်ပြသတော့မယ့် Thor: Love and Thunder ရုပ်ရှင်အထူးပြပွဲအတွင်း ပြောကြားသွားခဲ့တာပါ။ သူ့ကို “Thor” ဇာတ်ကောင်အဖြစ် မပါဝင်တော့ဖို့ မောင်းမထုတ်မချင်း ဆက်ပြီး သရုပ်ဆောင်သွားမှာဖြစ်တာကြောင့် သူ့ရဲ့ပရိသတ်တွေ စိတ်ချထားလို့ရပါတယ်လို့ သူက ဆိုပါတယ်။

ခရစ်ဟမ်းစ်ဝါ့သ်

ခရစ်ဟမ်းစ်ဝါ့သ်က “ကျွန်တော် Thor အဖြစ် သရုပ်ဆောင်ရတဲ့အခါတိုင်း သူတို့ ကျွန်တော့်ကို Thor အဖြစ် လုပ်ခွင့်ပေးတာ ဒါက နောက်ဆုံးလားလို့ ဖြစ်မိတယ်။ ဘာလို့လဲ ကျွန်တော်မသိဘူး။ ဒီဇာတ်ကောင်ကို ကျွန်တော် သဘောကျတယ်။ ကျွန်တော် ကြိုက်တယ်။ တစ်ယောက်ယောက်က ကျွန်တော်ကို မောင်းမထုတ်မချင်း ကျွန်တော် ဆက်ပြီး သရုပ်ဆောင်နေဦးမှာပါ။ ကျွန်တော် ဒါကို သဘောကျတယ်”တဲ့။

ဇူလိုင် ၇ ရက်နေ့ ရုံတင်ပြသမယ့် Thor: Love and Thunder ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်း

“ကျွန်တော့်ရဲ့အသက်မွေးဝမ်းကျောင်းတစ်ခုလုံးက ဒီဇာတ်ကောင်အပေါ် အခြေခံနေခဲ့တာပါ။ ဒီဇာတ်ကောင်ကို မတူတဲ့ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ထပ်ခါထပ်ခါ သရုပ်ဆောင်ရတာက တကယ့်ကို ပျော်ရွှင်စရာပါပဲ။ ပရိသတ်တွေ လိုချင်တဲ့အရာကို ကျွန်တော်တို့ မြင်ရမယ်”

“ပျော်စရာကောင်းတဲ့အရာတိုင်းအတွက်၊ ကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်ရတဲ့အတွက် ကျွန်တော် ကျေနပ်တယ်။ အဲဒါက Marvel လောကမှာ ကျွန်တော်အတွက် အတွေ့အကြုံတွေဖြစ်ခဲ့ပါတယ်”လို့လည်း သူက ပြောကြားခဲ့ပါတယ်။

Ref: Ladbible “Chris Hemsworth Says He’ll Keep Playing Thor Until ‘They Kick Me Off Stage’”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top