City Love & Hope Foundation ဆိုတာဘာလဲ

MicrosoftTeams-image-12.jpg

City Holdings Group ၏ လူမှု့အကျိုးပြုအဖွဲ့အစည်းဖြစ်သော City Love & Hope Foundation ကို၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူမှုဘဝတိုးတက်မြင့်မားရေးလုပ်ငန်းတွေကို အဓိကထား ကူညီပံပိုးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ City Love & Hope Foundation ကိုတည်ထောင်သူမှာဒေါ်ဝင်းဝင်းတင့်ဖြစ်ပါသည်။

ကိုဗစ်ကာလမှာ အလှူအတန်းလုပ်ချင်တဲ့ပရိသတ်တွေအတွက် ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးကောလိပ်အတွင်းက ကိုဗစ်စင်တာတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။
ရန်ကင်းပညာရေးကောလိပ်Covid-19 ကုသရေးစင်တာကို ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်မှု့ဖြင့် အခုလအောက်တိုဘာ (၂)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူနာ(၅၀၀) ဦးအထိ တစ်ပြိုင်တည်းလက်ခံကုသနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ရန်ကင်း Covid-19 ကုသရေးစင်တာကိုCity Love & Hope Foundation က ကနဦးရန်ပုံငွေ သိန်း(၂၀၀၀) နဲ့ စတင် မတည်ခဲ့တာဖြစ်ပြီး စင်တာအားလည်ပတ်ရန် နေရာထိုင်ခင်းအပြင်အဆင်များ၊ ရုံးသုံးပစ္စည်းများ၊ MOHS လမ်းညွှန်ချက်များအရ ဘေးကင်းလုံခြုံမှုရှိစေရန် M&E ဝန်ဆောင်မှုပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနဲ့ လူနာများအတွက် အစားအစာထောက်ပံ့ပေးခြင်း၊ လူနာများအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများကို ထောက်ပံ့ပေးခြင်း၊ project မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ပရဟိတလုပ်အားပေးသူများအတွက် နေရာထိုင်ခင်းစီစဉ်ပေးခြင်းစတဲ့ ထောက်ပံံ့မှုမျိုးတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။

ဒါ့ပြင် City Love & Hope Foundationဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက Covid-19 စင်တာတွေမှာ နယ်တွေက လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၀) ဦး အတွက်Hotel Botahtaung နဲ့ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၉၂) ဦး အတွက်The Gandamar Hotel တို့ တွင်နေရာထိုင်ခင်းတွေကို (၁) လစီမံထားရှိပေးသွားမှာပဲဖြစ်ပါတယ်။ City Love & Hope Foundation ဟာ ရန်ကင်း Covid-19 ကုသရေးစင်တာအတွက် ကနဦးရန်ပုံငွေ သိန်း(၂၀၀၀) မတည်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့မတ်လကစပြီး မြန်မာနိုင်ငံရဲ့ Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် လုပ်ငန်းများအတွက် ငွေကျပ် (၃၀၄၄) သိန်းကျော် ပါဝင်လှူဒါန်းခဲ့ပါတယ်။

ရန်ကင်း ကိုဗစ်စင်တာမှာ အစားအသောက်၊ အသုံးအဆောင်၊ ငွေကြေး အလှူအတန်းပြုလိုတဲ့ ပရိသတ်တွေအနေနဲ့ ရန်ကင်း Covid-19 ကုသရေးစင်တာကို လူကိုယ်တိုင်သွားရောက်လှူဒါန်းလိုရသလို City Rewards App ကို အသုံးပြုခြင်းများအနေနဲ့လည်း ရန်ကင်း Covid-19 ကုသရေးစင်တာအတွက် City Rewards point များကို လှူဒါန်းနိုင်ပြီဖြစ်ပါတယ်။ ဒ့ါပြင် City Love & Hope Foundation ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ လှူဒါန်းမှုမျိုးတွေမှာ ရန်ပုံငွေထည့်ဝင်လိုပါက 09 421 155 373 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top