စည်းမျဉ်းစည်းကမ်းများ

၁။ ဒီအစီအစဉ်မှာ ပါဝင်မယ့်သူက ပေးထားတဲ့လင့်ခ်ထဲ ဝင်ပြီး မှား/ မှန်ရွေးဖို့ ဖောင်ဖြည့်ပေးရပါမည်။၂။ ဖောင်မဖြည့်ခင်မှာ ရိုးရာလေး ရဲ့ Stay Home and Save Lives ဆိုတဲ့ Profile ကို အသုံးပြုပေးထားရမည်။ (Profile ချိန်းဖို့အတွက် frame ကို ပို့စ်ရဲ့first comment မှာ ပေးထားပါတယ်)၃။ ဖောင်ဖြည့်တဲ့အခါမှာ ဖြေဆိုသူဟာ နိုင်ငံသားစိစစ်ရေးကဒ်ပြားထဲက နာမည်အရင်း၊ လက်ရှိကိုင်ဆောင်နေတဲ့ဖုန်းနံပါတ်အမှန်၊ မိမိနေထိုင်ရာ မြို့/မြို့နယ်ကို ဖြည့်ပေးပါမည်။၄။ ဖောင်ဖြည့်တဲ့အခါ ဖြေဆိုသူက ဖုန်းနံပါတ် (၁) ခုကို တစ်ကြိမ်သာ အသုံးပြုခွင့်ရှိပြီး ဖုန်းနံပါတ် (၁) ခုတည်းကို အကြိမ်အများကြီးအသုံးပြုထားမယ်ဆိုရင် အဲဒီဖြေဆိုသူကို စာရင်းထဲကနေ အလိုအလျောက်ပယ်ဖျက်သွားပါမည်။၅။ ဖောင်ဖြည့်ပြီးရင်တော့ Submit ဆိုတဲ့ Button ကို နှိပ်ပြီးပေါ်လာသော ရက်စွဲနဲ့ပုံကို Screenshot လုပ်ပြီးသိမ်းထားရပါမည်။၆။ ဒီပို့စ်ကို Like and Share လုပ်ပြီး Screenshot ရိုက်ထားပေးရပါမည်။ ဒီပို့စ်အောက်မှာ Screenshot ရိုက်ထားတဲ့ပုံနဲ့ သူငယ်ချင်း ၃ ဦးကို မန့်ရှင်းခေါ်ပေးရပါမည်။ (ပါဝင်တဲ့သူတွေထဲက အမှတ်ပြည့် ရရှိသူ အရေအတွက်ကို ၁၀၀၀ နဲ့ မြှောက်ပြီး ရရှိလာတဲ့ ငွေကြေးပမာဏကို လိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းသွားမှာပါ။ ဥပမာ – အမှတ်ပြည့်ရရှိသူ အယောက်(၂၀၀)ရှိရင် ၂ သိန်း၊ အယောက်(၅၀၀)ရှိရင် ၅ သိန်း အစရှိသဖြင့်ပေါ့။ ရိုးရာလေးက မိသားစုက အများဆုံး (၅)သိန်းလှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ပြည့် ရရှိသူတွေထဲမှာ (၁၀)ယောက်ကို ရွေးချယ်ပြီး ဖုန်းဘေလ် ၅၀၀၀ ပေးသွားဦးမှာပါ။)၇။ ဒီအစီအစဉ်မှာ ပါဝင်မယ့်သူတွေက မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားဖြေဆိုရပါမည်။၈။ အမှတ်ပြည့်ရရှိတဲ့သူထဲကမှ ဖုန်းဘေလ် ရရှိမယ့် ၁၀ ယောက်ကို ဧပြီလ ၅ ရက်နေ့မှာ ကြေညာပေးမှာဖြစ်ပြီး အဲဒီ ၁၀ ယောက်က ရိုးရာလေး Chat Boxကို ဧပြီလ ၇ ရက်နေ့ နောက်ဆုံးထားလာရောက်ဆက်သွယ်ပြီး ဖုန်းဘေလ်ထုတ်ယူရပါမည်။ ( အမှတ်ပြည့်ရရှိသူ ၁၀ ယောက်က ရိုးရာလေး Chat Box ကို လာရောက်ဆက်သွယ်တဲ့အခါ Submit လုပ်ထားတဲ့ Screenshot နဲ့ အဖြေမှန်သူရဲ့မှတ်ပုံတင်ကို ပြပေးရပါမယ်။)၉။ အမှတ်ပြည့်ရရှိသူတွေက ဧပြီလ ၇ရက်နေ့နောက်မှ ဆက်သွယ်လာမည်ဆိုပါက ဖုန်းဘေလ် ရရှိမည် မဟုတ်ပါ။(စည်းမျဉ်းစည်းကမ်းများကို သေချာဖတ်ပြီး ဖြေဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်နော်)COVID 19 ကို တွန်းလှန်တိုက်ဖျက်တဲ့အနေနဲ့ ဒီအစီအစဉ်မှာ အားလုံး ပါဝင်ကြရအောင်…။