အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ဖိုးရှိတဲ့ Start-Up လုပ်ငန်းအများဆုံးရှိရာ နိုင်ငံစာရင်းမှာ တရုတ် ဦးဆောင်

yyl-25-011.jpg

အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ဖိုးရှိတဲ့ မြေစမ်းခရမ်းပျိုး စီးပွားရေးလုပ်ငန်း(Start-up)အများဆုံးရှိရာ နိုင်ငံတွေစာရင်းမှာ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာ ဦးဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ Unicorn(အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ကြေးရှိတဲ့ Start-up လုပ်ငန်း တွေကို ခေါ်ဆိုတဲ့နာမည်) ၂၀၆ ခုရှိပြီး အမေရိကန်နိုင်ငံမှာတော့ Unicorn ၂၀၃ ခု ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် ဟူရန်အဖွဲ့အစည်းရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းက အမေရိကန်နဲ့ တရုတ်နိုင်ငံမှာ အခြေစိုက်ကြပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့ပြီး နည်းပညာလောကကို ဦးဆောင်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ ဟူရန်အဖွဲ့အစည်းရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာပါ။ တရုတ်နိုင်ငံရဲ့ ငွေပေးချေရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Ant Financial က အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံတန်ဖိုးရှိပြီး Unicorn တွေထဲမှာ တန်ဖိုးအများဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ Ant Financial ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကတော့e-commerce လုပ်ငန်းစုဖြစ်တဲ့ အလီဘာဘာကုမ္ပဏီရဲ့ Alipay အွန်လိုင်းငွေပေးချေမှုပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top