ခွင့်မပြုတဲ့ဇာတ်ကောင်ပါဝင်တာကြောင့် ဆော်ဒီအာရေဗျမှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ Doctor Strange in the Multiverse of Madness

25-4-2022-yyl-04.jpg

လူအများ စောင့်မျှော်နေတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ကားကို ဆော်ဒီအာရေဗျမှာ ပြသခွင့် ပိတ်ပင်ထားတယ်လို့ The Hollywood Reporter သတင်းဌာနအရ သိရပါတယ်။ အဲဒီဇာတ်ကားမှာ LGBTQ ဇာတ်ကောင် America Chavez ပါဝင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေက လိင်တူဆက်ဆံရေးကို တားမြစ်ထားတာကြောင့် အဲဒီဇာတ်ကားကို ဆော်ဒီအာရေဗျရဲ့ဆင်ဆာဘုတ်အဖွဲ့က ခွင့်မပြုခဲ့ပါဘူး။

ရုင်ရှင်ရဲ့ကြိုတင်လက်မှတ်ဝယ်ယူမှုကို ဆော်ဒီအာရေဗျ၊ ကူဝိတ်နဲ့ ကာတာတို့မှာ မရနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ယူအေအီးမှာ ရရှိနိုင်ပြီး အဲဒီရုပ်ရှင်ကို အဲဒီမှာ ပြသမယ်လို့ အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေက LGBTQ နဲ့ ဆက်စပ်တဲ့ အရာတွေပါဝင်တဲ့ရုပ်ရှင်တွေကို မကြာခဏ ပိတ်ပင်လေ့ရှိပါတယ်။ အရင်က Eternals နဲ့ West Side Story ရုပ်ရှင်ဇာတ်ကားတွေကို ဆောဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ အိုမန်နဲ့ ကူဝိတ်တွေမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခွင့် ပိတ်ပင်ခဲ့ပါသေးတယ်။

အယ်လီဇဘက် အော်လ်ဆင် (Elizabeth Olsen) ၊ ချီဝီတယ် အီဂျီအိုဖော် (Chiwetel Ejiofor)၊ ဘန်နဒစ်ဝေါင် (Benedict Wong)၊ ဇိုချီတီ ဂိုမက်ဇ် (Xochitl Gomez) တို့ပါဝင်ထားတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ကို အခြားနိုင်ငံတွေမှာ မေလ ၆ ရက်နေ့ ရုံတင်ပြသမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ် Doctor Strange ဇာတ်ကားရဲ့နောက်ဆက်တွဲ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်ရဲ့ Doctor Strange ဇာတ်ကားကို စကော့တ် ဒါရစ်ဆန် (Scott Derrickson) က ရိုက်ကူးခဲ့ပေမဲ့ အခုဇာတ်ကားကိုတော့ ဆမ် ရိုင်မီ (Sam Raimi) က ရိုက်ကူးထားပါတယ်။

Ref: AsiaOne & Tribune “Doctor Strange in the Multiverse of Madness banned in Saudi Arabia due to queer character”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top